မှအသစ်ထုတ်လုပ်မယ့် Windows Phone 7 Series ဖုန်းများတွင် application များအ ကြား Copy နဲ့ Paste ကို အသုံးပြုနိုင်ခြင်းမရှိကြောင်း MIX 10 Web developer ကွန်ဖရင့်စ်မှာ Microsoft မှ အတည်ပြုပြောကြားလိုက်ပါတယ်။ Microsoft မှပြောကြားချက်အရ user များအနေဖြင့် copy နဲ့ paste ကို clipboard မှ အသုံးပြုနိုင်ခြင်းမရှိသလို Microsoft ရဲ့ကိုယ်
ပိုင် Office Application များမှလည်း အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရပါတယ်။ အထူးသဖြင့် copy နဲ့ paste ကိုဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်ပို့ခြင်း စတဲ့ကိစ္စရပ်တွေမှာ အသုံးပြုကြပေမယ့် Windows Phone 7 Series ဖုန်းများတွင် smart linking လို့ခေါ်တဲ့ feature ထည့်သွင်းပေးထားတာကြောင့် copy နဲ့ paste အစား ဖုန်းနံပါတ်ကို click နှစ်ချက်နှိပ်ရုံဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းစာအုပ်အတွင်း သိမ်းဆည်းခြင်း စတာတွေကို ပြုလုပ်နိုင်စေမှာဖြစ်ကြောင်း Windows Phone မှအမှုဆောင်ဖြစ်သူ Todd Brix ကဆိုပါတယ်။ ဒါ့အပြင် လိပ်စာများကိုလည်း copy နဲ့ paste လုပ်စရာမလိုဘဲ မြေပုံများအဖြစ် ရရှိစေနိုင်မှာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။ Windows Phone 7 Series ဖုန်းများမှာ copy နဲ့ paste အသုံးမပြုနိုင်ခြင်းဟာ user များအတွက် ကျေနပ်မှုမရှိနိုင်ပေမယ့် smart linking ရဲ့လုပ်ဆောင်ချက်ဟာ user တွေရဲ့စိတ်ကျေနပ်မှု ၈၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း Brix ကပြောကြားခဲ့ပါတယ်။

source:mminternetjournal
Ingen kommentarer:
Send en kommentar