tirsdag den 30. marts 2010

Notebook သုံးစွဲသည့်အခါ သိသင့်သော ဆောင်ရန်၊ရှောင်ရန် အချက်များ

၁.NotebookPCကိုအသုံးမပြုတော့လို့ပိတ်လိုက်ပြီးတဲ့အခါနောက်အချိန်အနည်းငယ်ကြာတဲ့အခါမှသာ အိတ်ထဲ သိမ်းဆည်းသင့်ပါတယ်။ဆိုလိုတာက Notebook အေးသွားမှသာ သိမ်းဆည်းသင့်တဲ့ သဘောဘဲဖြစ်ပါတယ်။
၂. တစ်လတွင် အနည်းဆုံး ဘက်ထရီကိုကုန်သလောက် သုံးစွဲပြီးမှသာ အားပြန်လည်ဖြည့်သွင်းသင့်ပါတယ်။ဒါမှသာ ဘက်ထရီသက်တမ်းကြာရှည်မှာ ဖြစ်ပါတယ်။


၃. မလိုလားအပ်ဘဲ Window Operating System ကိုမပြောင်းလဲသင့်ပါဘူး။ဆိုလိုတာက ကိုယ့်ရဲ့ကွန်ပြူတာက Window XP အမျိုးအစားဆိုရင် တခြား Window XP အမျိုးအစားကိုသာ ပြောင်းလဲထည့်သွင်းသင့်ပါတယ်။Window Vista ဆိုပြီး ပြောင်းလဲ မထည့်သင့်ပါဘူး။တကယ်လို့ Window Vista Home Basic ထည့်သွင်းထားတဲ့ ကွန်ပြူတာဆိုလျှင်တော့ Window Vista Ultimate System သို့ပြောင်းလဲနိုင်ပါတယ်။

၎. Notebook PC နဲ့ 3DGame ကစားတဲ့အခါ ပြင်ပကနေ သီးသန့်ပန်ကာနဲ့ ကွန်ပြူတာကို အအေးပေးထားသင့်ပါတယ်။

၅. Notebook PC ရဲ့ Graphic Card ခံနိုင်ရည်အားထက်ပိုပြီး သုံးစွဲရတဲ့ Software တွေကို မသုံးသင့်ပါဘူး။


၆. Notebook PC ရဲ့ Memory Card ခံနိုင်ရည်အားထက် ပိုပြီးသုံးစွဲရတဲ့ Software တွေကို အချိန်အတော်ကြာအောင် မသုံးစွဲသင့်ပါဘူး။


၇. Internet နဲ့ချိတ်ဆက်အသုံးပြုလျှင် Internet Security Anti-virus Protection Program ကိုထည့်သွင်းပြီး ၁ပတ်၁ခါ Update ပြုလုပ်သင့်ပါတယ်။


၈. မကြာမကြာ ကွန်ပြူတာကို Virus Scan၊Registry Scan၊Error Scan တို့ကို ၁ပတ်၁ကြိမ် စစ်ဆေးသင့်ပါတယ်။


၉. Program အသစ် Installation လုပ်တာတို့၊အသုံးမလိုတော့တဲ့ Program တွေကို Remove လုပ်တာတို့ ပြုလုပ်ပြီးတိုင်း Registry Scanကိုစစ်ဆေးသင့်ပါတယ်။


၁၀. ၁ပတ်၁ခါလောက်ကို Backup လုပ်သင့်ပါတယ်။ဒါမှသာ ကွန်ပြူတာ ၁ခုခုဖြစ်တဲ့အခါ အရေးကြီးတဲ့ Data တွေက်ု ပြန်ပြီး Restore ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
source: K(forverfriends)

Ingen kommentarer:

Send en kommentar