tirsdag den 16. marts 2010

Cbox မေးခွန်း ဖြေကြားချက်

Cbox မှာ မေးမြန်းထားတဲ့ ပုလဲမြေ ရေ။ Global.exe ဗိုင်းရပ်စ်ကို ကျွန်တော်လဲ မကြုံဖူးပါဘူး။ ဒါကြောင့် အသေးစိတ် ရှင်းပြဖို့ ခက်ပါတယ်။ ဒါပေမယ့် မည်သည့် ဗိုင်းရပ်စ်ဝင်ဝင် သတ်နိုင်တာက ဗိုင်းရပ်စ် ဆော့ဝဲလ်ပါ။ ဗိုင်းရပ်စ် ဆော့ဝဲလ်ထဲမှာလဲ Kasparsky က အကောင်းဆုံးပါ။ Update ရရင်ပေါ့။ တကယ်လို့ ဗိုင်းရပ်စ် ဆော့ဝဲလ် မရှိရင်တော့ ကျွန်တော် ရှင်းရှင်းနေတဲ့ အောက်ပါ နည်းလမ်းလေး အတိုင်း လုပ်ကြည့်ပါ။(၁) Start မှ Run ကို ဖွင့်ပါ။ msconfig ကို ရိုက်ဖွင့်ပါ။(၂) Startup botton ကို ကလစ်ပါ။ Startup Item နဲ့ Command တို့အောက်မှာ Global.exe ဆိုတဲ့ နာမည်နဲ့ ဗိုင်းရပ်စ်ကို ရှာကြည့်ပါ။ တွေ့ရင် လမ်းကြောင်းကိုပြတဲ့ Location ကို မှတ်ထားပါ။ (ဥပမာ- HKCU\SOFTWARE\Microsoft\Windows\CurrentVersion\Run) စသဖြင့် လမ်းကြောင်း ပြပါတယ်။(၃) အဲဒီလမ်းကြောင်းကို သွားဖို့ Start မှ Run မှ Regedit ကို ရိုက်ဖွင့်ပါ။ ပြီးရင် ဗိုင်းရပ်စ်ရှိတဲ့ ပြထားတဲ့ လမ်းကြောင်းအတိုင်း လိုက်ရှာပါ။ တွေ့လျှင် Delete လုပ်ပါ။(၄) ပြီးလျှင် ရှိနိုင်သည့် နောက်တစ်နေရာသည် HardDisk C: ထဲရှိ Windows\System32 ထဲတွင် ဖြစ်သည်။ ဗိုင်းရပ်စ်လမ်းကြောင်းကို Command တွင် ပြထားမည် ဖြစ်ပါတယ်။ ရှာ၍ Delete လုပ်ပါ။(၅) ပြီးလျှင် Start မှ Run ကို ဖွင့်ပါ။ msconfig ကို ရိုက်ဖွင့်ပါ။ Startup Botton ကို ကလစ်ပြီး Disable All botton ကို ကလစ်ပြီး Apply ၊ Ok လုပ်ပါ။(၆) Restart ချပါ။ အထိုက်အသင့် အဆင်ပြေပါလိမ့်မယ်။
source:မောင်စေတနာ

Ingen kommentarer:

Send en kommentar