fredag den 26. februar 2010

အင်္ဂလိပ်လိုရေးပြီး မြန်မာလိုပေါ်အောင်

Online မှာ အရင်တစ်ချိန်က မြန်မာ font တွေရိုက်လို့မရသေးလို့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုရေးတာကိုပဲ အားကိုးကြရပါတယ်။ Chatter တွေအခေါ် Myanglish တို့ Burglish တို့ပေါ့ဗျာ။ အခုတော့ zawgyi font နဲ့ အဆင်ပြေနေကြပါပြီ။ ဒါပေမဲ့ မြန်မာဖောင့်ကို မရလို့ Burglishသုံးနေကြတာတွေလဲ ရှိပါသေးတယ်။ အင်္ဂလိပ်လိုရေးလိုက်ရင် မြန်မာလို အလွယ်တကူပြောင်းပေးတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။
ပထမဆုံး ဒီနေရာ ကို ၀င်လိုက်ပါ။ ပြီးရင် အောက်က option လေးတွေကိုစိတ်ကြိုက်ပြောင်းပေးထားပြီး box ထဲမှာ burglish နဲ့ရိုက်ရင် မြန်မာလိုပေါ်လာတာကိုတွေ့နိုင်ပါတယ်။ မြန်မာလိုရေးချင်ပြီး လက်ကွက်သိပ်မရတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ..။

Ingen kommentarer:

Send en kommentar