søndag den 17. januar 2010

How To Review Hidden Folder

ကဲ့ဒီနည်းလမ်းလေးကတော့ ကိုယ် Hide ထားတဲ့ Folder တွေကို ပြန်ပြီး ဖွင့်လို့ရအောင်လုပ်တဲ့နည်းလေးပါခင်ဗျား။ ကျွန်တော် မေ့ပြီး Folder Hide တဲ့ နည်းလေးဘဲပေးလိုက်ပြီ ပြန်ခေါ်တဲ့ နည်းလေးပေးဖို့ မေ့သွားတာEmail ထဲက Cbox ထဲကနေ လှမ်းပြီး သတိပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။ပထမဦးဆုံး My Computer ကိုသွားပြီး Tools ကိုသွားလိုက်ပါ။ ပြီးရင် Drop Down List ကြလာရင်Folder Options.. ကိုသွားလိုက်ပါ။ Menu Bar ကိုမတွေ့ရင်တော့ Keyboard ရဲ့ Space ဘေးနားက alt ကိုနှိပ်လိုက်ပါ။

ပြီးရင် Pop Up Window တက်လာပြီး View Tab ကိုသွားလိုက်ပါ။ အဲဒီမှာ Sho hidden files and folders နှင့် Hide extensions for known file types ကို Mark ပြီး Apply နဲ့ Ok လိုက်ရင် ရပါပြီး။

ပြီးရင်တော့ ကိုယ် Hide ထားခဲ့တဲ့ Folder က ပြန်ပေါ်လာပြီး မှုန်သွားပါလိမ့်မယ်။ အဲဒီ Folder ပေါ်မှာ Right Click နှိပ်ပြီး Hidden ကိုဖြုတ်ပြီး Read Only ကိုပြန် Mark လိုက်ရင် အာလုံး Ok သွားပါ့မယ်ခင်ဗျား။
source: မောင်ကျော်စွာငြိမ်း

Ingen kommentarer:

Send en kommentar