ဒီရက်ပိုင်းက အင်္ဂလိပ်စာ သင်တန်းတက်နေတော့ မိမိလေ့လာမိတာ အင်္ဂလိပ်စာနဲ့ ပတ်သက်တာ များနေတယ်။ အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ တွေ့လာတာက စကားလုံးတူတွေကို ဖော်ပြတဲ့ WordWeb ဆော့ဝဲလ်လေး။ ဒီဆော့ဝဲလ်က အောက်အချက်တွေ သုံးလို့ရတာ တွေ့ရတယ်။
2) Synonyms (ကြောင်းတူသံကွဲ) (ဥပမာ- look က appear နဲ့ အနက်တူတယ်)
3) Type of
4) Types
5) See also (ရှာဖွေတဲ့ စကားနဲ့ ဆက်စပ်သုံးလို့ရတာတွေ ဖော်ပြတယ်)
ဒီဆော့ဝဲလ်က မိမိတို့ ရှာဖွေတဲ့ စကားလုံးရဲ့ ၀ါကျတည်ဆောက်ပုံကိုလဲ ဖော်ပြပေးသေးတယ်။ ပြီးတော့ စကားလုံးတွေရဲ့ အသံထွက်ကိုလဲ နားထောင်လို့ ရတယ်။ ကဲ ဘယ်လောက် ကောင်းလဲ။ သုံးကြည့်လိုက်တော့ တော်တော်အားရ စရာကောင်းတယ်။ ပြီးတော့ Free ပေးထားတယ်။
မိမိ လက်ရှိနေတာ Dictionary နှစ်ခုရှိတယ်။ တစ်ခုက Babylon ။ နောက်တစ်ခုက ကိုစိုးမင်းတို့ လုပ်ထားတဲ့ WxpyDict လေးပါ။ နှစ်ခုတစ်လုံး အဆင်ပြေပါတယ်။ အခု ရလာတဲ့ WordWeb နဲ့ဆို တော်တော် ပြည့်စုံနေပြီ။
source:မောင်စေတနာ
Ingen kommentarer:
Send en kommentar