ယခုအချိန်မှာ အချို့သောနိုင်ငံများအနေဖြင့် Conficker worm ၀င်ရောက်ပျံ့နှံ့မှုများနှင့်ကြုံတွေ့နေရပြီး ထိုပြဿနာကိုဖြေရှင်းနိုင်စေရန် အခက်အခဲများရှိနေကြောင်း လုံခြုံရေးဆိုင်ရာသုတေသီများမှ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ထို့ပြင် China Telecom ၏ Chinanet အနေဖြင့်လည်း လွန်ခဲ့သောနှစ်မှစတင်၍ ၀င်ရောက်လာသော Conficker worm နှင့်ပတ်သက်၍ အခက်အခဲများကြုံတွေ့နေခဲ့ရပါတယ်။တရုတ်နိုင်ငံရှိ ISP တစ်ခုအတွင်း system ၁ သန်းကျော်ဟာ worm ၀င်ရောက်တိုက်ခိုက်ခြင်းကြုံတွေ့နေခဲ့ရပြီး IP address network မှတဆင့် ၉၄ သန်းခန့်ပျံနှံ့လျက်ရှိကြောင်း သိရှိရပါတယ်။ သို့သော် Chinanet အတွင်း worm ၀င်ရောက်တိုက်ခိုက်ခြင်းဟာ အများဆုံးအရေအတွက်ဖြစ်ပြီး worm အရေအတွက်အားလုံး၏ ၁၄ ရာခိုင်နှုန်းရှိကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံအတွင်း worm ၀င်ရောက်ပျံ့နှံ့မှုဟာလည်း ၂၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။ယခုနှစ်အတွင်း Conficker များဝင်ရောက်မှုဟာ တရုတ်နိုင်ငံအတွက် အဓိကကျသောအချက်တစ်ချက်ဖြစ်ကြောင်း ၎င်း၏ပြန့်ပွားနှုန်းဟာလည်းမြန်ဆန်ပြီး DOS တိုက်ခိုက်မှုများပါ ဖြစ်ပွားလာနိုင်ကြောင်း လုံခြုံရေးဆိုင်ရာသုတေသီများမှ သတိပေးပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံရှိ ISP ကုမ္ပဏီကြီးနှစ်ခုဖြစ်သော China Telecom နှင့် China Unicon တို့အတွင်း Conficker ၀င်ရောက်တိုက်ခိုက်ခံရမှုနှုန်းက ၄၇၂,၈၉၂ ရှိကြောင်း ဖော်ပြထားပါတယ်။
source:mmjournal
Ingen kommentarer:
Send en kommentar