fredag den 20. november 2009

Task Manager ပိတ်နေရင် ဘယ်လိုလုပ်မလဲ???

ဖြေရှင်းနည်း (၁)
- ပထမဆုံးအနေနဲ့ Start Menu မှ Run ထဲကို gpedit.msc ဆိုပြီး ရိုက်... ပြီးရင် OK
ကွန်ပျူတာ တော်တော်များများမှာ ဗိုင်းရပ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာ တစ်ခုက Task Manager ကို ဖွင့်လို့ မရတာပါပဲ။ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့သူတွေအတွက် ပြဿနာမရှိနိုင်ပေမယ့် နားမလည်တဲ့ သူတွေအတွက် ဒီ Ctrl+Alt+Delete ကို နှိပ်လိုက်ရင် တက်လာတဲ့ Task Manager ကို ဘယ်လိုလုပ်ရမယ်ဆို မသိကြပါဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ဖြေရှင်းနည်း (၄) မျိုး ကို ရှာဖွေမျှဝေချင်ပါတယ်။ ကျနော်ကိုယ်တိုင်စမ်းကြည့်တာတော့ အဆင်ပြေတာတွေ့ရတယ်ဗျာ။ ဒီပြဿနာကို ကြုံနေရသူများအတွက် အောက်က ဖြေရှင်းနည်း(၄)နည်းနဲ့သာ လုပ်ကြည့်လိုက်ပါ။....

ပေးလိုက်ပါ။- Group Policy Box တစ်ခု ပေါ်လာပါမည်။ ဘယ်ဘက်မှာ ရှိတဲ့ User Configuration ထဲက Administrative Templates ကို ဖွင့်လိုက်ပါ။- ပြီးရင် System ကိုဖွင့်ပါ။ System ထဲမှ Ctrl+Alt+Del Options ကို ကလစ်ပြီး highlight ပေးထားလိုက်ပါ။ ညာဘက်မှာ ရှိတဲ့ Remove Task Manager ကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။- Remove Task Manager Properties Box တစ်ခု ပေါ်လာပါမည်။ အဒီဘောက်ထဲမှာရှိတဲ့ Setting Tab ထဲက Option (3) ခု ဖြစ်တဲ့ (၁)"Not Configured" (၂) "Enable" (၃) "Disable" စတဲ့ Option (၃)ခု ထဲက "Not Configured" ကို ရွေးပေးလိုက်ပါ။ဒါဆိုရင် ပထမဆုံး ဖြေရှင်းနည်း(၁) ကို လုပ်လို့ ပြီးသွားပါပြီ။ တချို့စက်များမှာတော့ ဒီတစ်ခုနဲ့တင် အဆင်ပြေသွားတတ်ပါတယ်။ ဒီပထမနည်းနဲ့ မရသေးသူများ နောက်ဖြေရှင်းနည်းများနဲ့ စမ်းကြည့်လိုက်ပါ။
ဖြေရှင်းနည်း (၂)
-Start Menu ထဲမှ Run ထဲကို အောက်က စာသားတွေ ကူးထည့်ပြီး OK ပေးကြည့်လိုက်ပါ။ ဒီနည်းက ဒီလောက်ပါပဲ။ ပြီးရင်တော့ Ctrl+Alt+Del ကို နှိပ်ပြီး Task Manager ကို ခေါ်ကြည့်လိုက်ပေါ့ ။ မရသေးရင်တော့ နောက်တတိယနည်းကို ထပ်စမ်းကြည့်ပါ။REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /t REG_DWORD /d 0 /f
ဖြေရှင်းနည်း (၃)
ပထမဆုံးအနေနဲ့ notepad ကို ဖွင့်လိုက်ပါ။ Start - Run - Notepad နဲ့ဖွင့်ပါ။ပြီးရင် အောက်က စာသားများကို notepad ထဲကို ကူးထည့်လိုက်ပါ။
Windows Registry Editor Version 5.00[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]"DisableTaskMgr"=dword:00000000
အထက်က စာသားတွေကို ကူးထည့်ပြီးပြီဆိုရင်တော့ Save As နဲ့ Save လိုက်ပါ။ ဖိုင်အမည် ကြိုက်တာပေးနိုင်ပါတယ်။ ဖိုင်အမည်နောက်က file type ကို ( .reg ) နဲ့ပေးရပါမယ်။ (ဥပမာ - taskmanager.reg ) ။ ပြီးရင် အဲဒီဖိုင်ကို Double Click လုပ်ပြီး run ပေးလိုက်ပါ။ ဒါ တတိယနည်းဖြစ်ပါတယ်။ အဆင်မပြေသေးသူများ နောက်တနည်း ထပ်လုပ်ကြည့်လိုက်ပါ။
ဖြေရှင်းနည်း (၄)
ဒီနည်းမှာလည်း Start Menu မှ Run ထဲကို regedit ဆိုပြီး ရိုက်ထည့် ပြီးရင် OK ပေးလိုက်ပါ။ Registry Editor Box တစ်ခု ပေါ်လာပါမည်။ ပြီးရင် အောက်က အညွှန်းအတိုင်း လုပ်ပေးလိုက်ပါ။== HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System အထိ ရောက်အောင်သွားပါ.။ System အထိရောက်သွားရင် ညာဘက်မှာရှိတဲ့ Disable TaskMgr ကို ဖွင့်လိုက်ပါ။ Value Data Box မှာ (၀) သုည ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် OK ပေးလိုက်ပါ။ ဒါဆိုရင် Task Manager ဖွင့်လို့မရတဲ့ ပြဿနာ ပြေလည်သွားနိုင်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ Utilities တွေလည်း ရှိပေမယ့် Manually လုပ်လို့ ရတဲ့ နည်းပညာကို ရှာဖွေမျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ ကျနော်ရေးသားချက်တွေ ကလေးကလားဆန်နေမယ်ဆိုရင်... ဘာမှမသိသေးတဲ့သူများအတွက်သာ ရည်ရွယ်ပါကြောင်းလည်း ပြောလိုပါ။.... အဆုံးတိုင်ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။Ref:
www.anshuldudeja.com

Ingen kommentarer:

Send en kommentar