
Symantec မှဖိုင်များကို Encrypt ပြုလုပ်ပြီး ကွန်ပျူတာများအတွင်းဝင်ရောက်တိုက်ခိုက်သော Trojan Horse အသစ်တစ်ခုအကြောင်း သတိပေးပြောကြားခဲ့ပါတယ်။ ထို Trojan ဟာ RC4 Algorithm ကိုအသုံးပြုပြီး ဖိုင်များအား Encrypt ပြုလုပ်ကာ Windows 98,95, 2000, XP, Me, Vista နှင့် Windows Server 2003 တို့တွင် ပျံ့နှံ့တိုက်ခိုက်ကြောင်း Symantec မှ ၎င်း၏၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့ပါတယ်။ကွန်ပျူတာများအတွင်း Trojan များပျံ့နှံ့မှုနှင့်ပတ်သက်၍ ကုမ္ပဏီများဆီသို့ အကြံဉာဏ်များတောင်းခံခြင်း၊ ၀က်ဘ်စာမျက်နှာများမှတဆင့် Malware နှင့် Trojan များ ဖယ်ရှားနိုင်ဖို့နည်းလမ်းများရှာဖွေခြင်း စသည်တို့ကို လုပ် ဆောင်ကာဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ ထိုကုမ္ပဏီများအတွက် အခက်အခဲများဖြေရှင်းပေးနိုင်ရန် အခကြေးငွေပေးဆောင်ကြရပါတယ်။ ယခု Trojan Ram Vicrype အတွက်ဖယ်ရှားနိုင်စေရန်အတွက်တော့ အခမဲ့လုပ်ဆောင်နိုင်ကြောင်း သိရှိရပါတယ်။ ထို Trojan ဟာ ကွန်ပျူတာအတွင်း .Vicrypt Extension ရှိသည့်ဖိုင်များအား ထိခိုက်စေကြောင်း သုတေသီများမှတွေ့ရှိခဲ့ပြီး ထိုဖိုင်များအားပြန်လည်ကောင်းမွန်စေရန်အတွက် Antivicrypt ကို ရယူအသုံးပြုနိုင်ကြောင်း Symantec မှပြောကြားခဲ့ပါတယ်။Symantec မှဖိုင်များအား Decrypt နှင့် Encrypt ပြုလုပ်နိုင်သော Tool များအခမဲ့ထုတ်လုပ်ပေးခဲ့ပြီး User များအနေဖြင့် အလွယ်တကူရယူအသုံးပြုနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။source
:mminternetjournal
Ingen kommentarer:
Send en kommentar