Web server role အတွတ် features နဲ့ options များစွာ ရရှိနိုင်သော်လည်း၊ သင့်လျော်တဲ့ options များကို install ပြုလုပ်ဖို့ ရိုးရှင်း လွယ်ကူတယ်။ Web server role သည် Web server functionality အတွတ် အခြေခံဖြစ်တယ်။ အခြား features နဲ့ options များစွာ အတွတ် IIS components တွေ လိုအပ်တယ်။ Server Manager ထဲက Add Roles Wizard ကို အသုံးပြုပြီး server role process ကို စတင်မယ်။
Add Roles Wizard သည် local computer ရဲ့ configuration ကို အလိုအလျောက် evaluate လုပ်ပြီး၊ additional role services တွေ လိုအပ်သလား ဆုံးဖြတ်မယ်။ ဥပမာ Windows Process Activation Service ကို ယခုထိ install မလုပ်ရသေးရင် ၄င်း service ကို add လုပ်ဖို့ prompt လုပ်လိမ့်မယ်။
Web Services (IIS) step သည် IIS နဲ့ ပက်သက်တဲ့ introductory information အချို့ကို provide လုပ်တယ်။ အကယ်၍ computer သည် multiple roles တွေ လုပ်ဆောင်နေတယ်ဆိုရင် performance ကို ensure ဖြစ်စေဖို့ WSRM installing နဲ့ ပက်သက်တဲ့ information တွေကိုလည်း provide လုပ်တယ်။
Select Role Services page မှာ IIS ရဲ့ မည်သည် components များကို install လုပ်မလဲဆိုတာ ဆုံးဖြတ်နိုင်တယ်။ (figure 5-5)။ default options သည် core Web server role အတွတ် minimal set of features ကို provide လုပ်တယ်။ Web Server (IIS) role ကို enable လုပ်ပြီးတဲ့နောက် role services တွေကို add or remove လုပ်နိုင်တယ်။ role features အချို့သည် တစ်ခုနဲ့ တစ်ခု အပြန်အလှန် အမှီပြုနေကြတာမို့ role feature တစ်ခုကို ရွေးချယ်တဲ့အခါ သူ့ရဲ့ အပေါင်းအဖော် အခြား features တွေကို လည်း add လုပ်ဖို့ prompt လုပ်လိမ့်မယ်။
Confirm Installation Selections page မှာ ရွေးချယ်ထားတဲ့ configuration settings နဲ့ role services များကို list တစ်ခုနဲ့ ပြသထားတယ်။ ၄င်း list ကို review လုပ်ပြီးတဲ့အခါ Finish ကို click ပါ။ installation process စတင်မယ်။ ရွေးချယ်ထားခဲ့တဲ့ role services များအပေါ် အခြေခံပြီး၊ setup process အချိန်ကြာလိမ့်မယ်။ computer ကို reboot လုပ်ဖို့ လိုအပ်ကောင်း လိုအပ်မယ်။ reboot လုပ်ဖို့ လိုအပ်တယ်ဆိုရင်၊ server သို့ log on လုပ်ပြီးတဲ့နောက် ၊ Add Roles Wizard သည် သူ့ရဲ့ နောက်ဆုံး ending point မှ resum လုပ်လိမ့်မယ်။ နောက်ဆုံးအနေနဲ့ Installation Results page (figure 5-6) မှာ မည်သည့် features များကို install လုပ်ပြီးကြောင်း confirmation တစ်ခုနဲ့ ၊ အခြား additional information အချို့ကို တွေ့မြင်ရမယ်။
Verifying the IIS Installation by Using Server Manager
IIS ကို install လုပ်ပြီးတဲ့နောက်၊ Web Server process မှန်ကန်စွာ လုပ်ဆောင်နေကြောင်း verify ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိတယ်။ ပထမနည်းလမ်း တစ်ခုသည် Server Manager tool ကို အသုံးပြုခြင်း ဖြစ်တယ်။ Roles section ကို expand လုပ်ပါ။ Web Server (IIS) ကို click ပြီး relevant details များကို ကြည့်ရှုပါ။ ၄င်း page မှာ event log items တွေကို ကြည့်ရှုနိုင်တယ်။ install လုပ်ထားတဲ့ services များကို သူတိုရဲ့ current state နဲ့အတူ ပြသထားတယ်။ (Figure 5-7) ။ install ပြုလုပ်ထားတဲ့ role services များနဲ့ သူတို့ရဲ့ dependencies များအပေါ် အခြေခံပြီး System Services list မှာ ပါဝင်တဲ့ items တွေ ကွဲပြားမှု ရှိမယ်။ World Wide Web Publishing Service (W3SVC) component သည် Web requests များကို response လုပ်ဖို့အတွတ် အဓိက တာဝန်ရှိတဲ့ process ဖြစ်တယ်။
Server Manager သည် Web Server အတွတ် install ပြုလုပ်ထားတဲ့ role services များနဲ့ ပက်သက်တဲ့ information တွေကိုလည်း ပြသတယ်။(Figure 5-8) ။ Add Role Services နဲ့ Remove Role Services links များကို click ပြီး configuration ကို အပြောင်းအလဲ ပြုလုပ်နိုင်တယ်။
နောက်ဆုံးအနေနဲ့ Resources And Support section မှာ recommendations နဲ့ အခြား detailed information များကို ပြသထားတယ်။ computer တစ်လုံးမှာ IIS နဲ့ Web Server role ကို ပထမဦးဆုံးအကြိမ် set up လုပ်တဲ့အခါ ၄င်း information များသည် အကူအညီပြုနိုင်တယ်။ ၄င်း options များနဲ့ ပက်သက်ပြီး Lesson 2 မှာ ဆွေးနွေးမယ်။ IIS နဲ့ ပက်သက်ပြီး ပိုမိုလေ့လာနိုင်ဖို့ online resources များသို့ ချိတ်ဆက်ထားတဲ့ links တွေလည်း ၄င်း section မှာ ရှိနေတယ်။
Verifying the IIS Installation by Using Internet Explorer
Windows Server 2008 computer တစ်လုံးသို့ Web Server (IIS) role ကို add တဲ့အခါ၊ HTTP port 80 မှာ response လုပ်ဖို့ configure ပြုလုပ်ထားတဲ့ default Web site တစ်ခုကို အလိုအလျောက် create လုပ်တယ်။ ၄င်း site ရဲ့ default location သည် %SystemDrive%\Inetpub\wwwroot folder ဖြစ်တယ်။ ၄င်း site မှာ simple static HTML page နဲ့ image file တစ်ခုသာ ပါဝင်တယ်။
IIS ရဲ့ ရည်ရွယ်ချက်သည် Web pages များကို serve လုပ်ဖို့ ဖြစ်တာမို့ IIS Service ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း verify လုပ်ဖို့ Web browser ကို အသုံးပြုပြီး local computer သို့ ချိတ်ဆက်ခြင်းသည် ကောင်းမွန်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်။ built-in local alias ဖြစ်တဲ့ http://localhost ကို အသုံးပြုနိုင်သလို local computer ရဲ့ fully qualified name (ဥပမာ http://server1.contoso.com) ကိုလည်း အသုံးပြုနိုင်တယ်။ အထက်ပါ နည်းလမ်း တစ်ခုခုကို အသုံးပြုခြင်းဖြင့် default welcome page ကို တွေ့မြင်နိုင်တယ်။ (Figure 5-9) ။ language တစ်ခုကို click လိုက်တဲ့အခါ http:www.iis.net Web site သို့ အလိုအလျောက် ရောက်ရှိသွားမယ် (server ကို Internet နဲ့ ချိတ်ဆက်ထားတယ်ဆိုရင်)။
IIS Web site ကို remote computer တစ်လုံးမှ access လုပ်ဖို့လည်း ကြိုးစားသင့်တယ်။ Web browser တစ်ခုကို ဖွင့်ပြီး Web server ရဲ့ fully qualified address သို့ ချိတ်ဆက်ပါ။ ချိတ်ဆက် မရ၀ူးဆိုရင် ဖြစ်နိုင်တဲ့ ပြဿနာ အချို့မှာ Domian Name System (DNS) name resolution or firewall configuration တို့ ဖြစ်တယ်။
Managing Role Services
Windows Server 2008 computer မှာ Web Server (IIS) role ကို enable ပြုလုပ်ပြီးတဲ့နောက်၊ IIS ရဲ့ modular architecture သည် role services တွေကို လွယ်လွယ်ကူကူ နဲ့ လျင်လျင်မြန်မြန် add or remove လုပ်နိုင်စေတယ်။ role service configuration ကို အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်တဲ့ အဓိက အကြောင်းအရင်းမှာ Web application or Web service အသစ်ကို support လုပ်ဖို့ ဖြစ်တယ်။ ဆက်လက် မလိုအပ်တော့တဲ့ services တွေကို remove လုပ်နိုင်တယ်။ role service တစ်ခုကို add or remove ပြုလုပ်ခြင်းသည် server တစ်ခုလုံးရဲ့ configuration အပေါ် သက်ရောက်မှု ဖြစ်စေတာမို့ server ပေါ်မှာ ရှိနေတဲ့ Web sites အားလုံးအပေါ်မှာ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို သေချာစဉ်းစားပြီးမှ လုပ်ဆောင်ပါ။
role services တွေကို add or remove ပြုလုပ်ဖို့ Server Manager ကို ဖွင့်ပြီး Role မှ Web Server (IIS) ကို right-click လုပ်ပါ။ Add Role Services ဒါမှမဟုတ် Remove Role Services ကို ရွေးချယ်ပါ။ dialog box သည် install လုပ်မယ့် components များကို ပြသလိမ့်မယ်။ check mark သည် item (or item and its children) ကို install ပြုလုပ်ပြီး ဖြစ်ကြောင်း အဓိပါယ် ဖြစ်တယ်။ cleared check box သည် item ကို install မလုပ်ရသေးကြောင်း ဆိုလိုခြင်း ဖြစ်တယ်။ dimmed box သည် role services components အချို့ကို install လုပ်ထားပြီး ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်တယ်။
role services ကို add or remove ပြုလုပ်တဲ့အခါ confirmation message တစ်ခု လက်ခံရရှိမယ်။ ၄င်းနောက် process ကို ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်။ computer ကို reboot လုပ်ဖို့ လိုအပ်တယ်ဆိုရင်၊ reboot လုပ်အပြီး next log on မှာ configuration process သည် အလိုအလျောက် resum လုပ်လိမ့်မယ်။
Using Command-Line and Automated Installation Options
organizations များမှာ မတူခြားနားတဲ့ IIS installations များကို deploy ပြုလုပ်ဖို့ မကြာခဏ လိုအပ်တယ်။ server အသီးသီးမှာ ၄င်း process ကို locally ဆောင်ရွက်နိုင်သော်လည်း၊ လိုအပ်တဲ့ အဆင့်တွေ လုပ်ဆောင်ဖို့ scripts or commands များကို create ပြုလုပ်ထားခြင်းသည် ပိုမို ထိရောက်တဲ့ နည်းလမ်းဖြစ်တယ်။automated installations နဲ့ command-line-based installations ကို ဆောင်ရွက်ဖို့ နည်းလမ်းများစွာ ရှိတယ်။
ServerManagerCmd.exe utility ကို အသုံးပြုပြီး Web Server (IIS) server role ကို command line မှတဆင့် install ပြုလုပ်နိုင်တယ်။ ဥပမာ ServerManagerCmd.exe –install Web-Server command သည် default Web server components ကို install လုပ်ဖို့ ကြိုးစားလိမ့်မယ်။ ServerManagerCmd.exe –query command သည် local computer မှာ installe လုပ်ထားတဲ့ roles နဲ့ features တွေကို ကြည့်ရှုနိုင်တယ်။ (Figure 5-10) ။ Web application အသစ်ကို support လုပ်ဖို့အတွတ် အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်သလားဆိုတာကို အလျင်အမြန် ဆုံးဖြတ်နိုင်ဖို့ complete configuration information ကို collect လုပ်တဲ့အခါ ၄င်း command သည် အသုံးဝင်တယ်။ command prompt မှာ ServerManagerCmd.exe -? လို့ type လုပ်ပြီး ၄င်း command ကို အသုံးပြုပုံနဲ့ ပက်သက်တဲ့ information တွေ ရယူနိုင်တယ်။ WSRM လို features များကို add or remove ပြုလုပ်ဖို့အတွတ်လည်း ၄င်း ServerManagerCmd.exe command ကို အသုံးပြုနိုင်တယ်။
command-line မှတဆင့် Web Server (IIS) server role ကို install ပြုလုပ်ဖို့ အခြားနည်းလမ်း တစ်ခုမှာ Windows Package Manager (PkgMgr.exe) utility ကို အသုံးပြုခြင်း ဖြစ်တယ်။ Windows Package Manager သည် IIS installation မှာ ပါဝင်သင့်တဲ့ features နဲ့ options များနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိမ်းဆည်းဖို့ XML file တစ်ခုကို အသုံးပြုတယ်။
Removing the Web Server (IIS) Role
အကယ်၍ Web server ကို ဆက်လက် မလိုအပ်တော့ဝူးဆိုရင် Server Manager မှ Remove Roles command ကို အသုံးပြုပြီး IIS နဲ့ သူရဲ့ သက်ဆိုင်တဲ့ components တွေကို remove လုပ်နိုင်တယ်။ ဒါပေမယ့် operating system ရဲ့ components နဲ့ features များစွာသည် Web Server ကို install ပြုလုပ်ထားဖို့ လိုအပ်တယ်ဆိုတာကို သတိရပါ။ Figure 5-11 မှာ Confirm Removal Selections page ကို ပြသထားတယ်။
install ပြုလုပ်ထားတဲ့ features အပေါ်မှာ မူတည်ပြီး removal process အတွင်းမှာ computer ကို restart ပြုလုပ်ဖို့ လိုအပ်ကောင်း လိုအပ်မယ်။ computer ကို reboot လုပ်ဖို့ လိုအပ်တယ်ဆိုရင်၊ reboot လုပ်အပြီး next log on မှာ process သည် အလိုအလျောက် resum လုပ်လိမ့်မယ်။
Web Server (IIS) role ကို remove ပြုလုပ်ခြင်းသည် Web server နဲ့ သက်ဆိုင်တဲ့ binary files များနဲ့ role services များအားလုံးကို remove လုပ်လိမ့်မယ်။ Web sites များနဲ့ သူတိုရဲ့ settings များအပါအ၀င် basic server configuration ကို delete မလုပ်ဘဲ ဆက်လက် ထိန်းသိမ်းထားလိမ့်မယ်။ ဒါကြောင့် Web services ကို server မှ အပြီးတိုင် remove လုပ်မယ်ဆိုရင်၊ မလိုအပ်တော့တဲ့ Web pages များနဲ့ data တွေကို manually delete ပြုလုပ်ပါ။
Using Windows System Resource Manager
system .. under load ဖြစ်နေတဲ့ အချိန်မှာ အရေးကြီးတဲ့ services တွေ ပျက်မသွားဖို့ အရေးကြီးတယ်။ default အရ Windows Server 2008 ထဲမှ services အများစုသည် equal priority level တစ်ခုမှာ run ကြတယ်။ Windows System Resource Manager (WSRM) သည် system processes များစွာသို့ priorities တွေ သတ်မှတ်နိုင်စေတယ်။ IIS ကို run နိုင်ဖို့ WSRM မလိုအပ်သော်လည်း busy Web servers or servers များမှာ ၄င်း WSRM ကို enable ပြုလုပ်ထားသင့်တယ်။ ဥပမာ administrators သည် CPU နဲ့ memory limitations ကို define လုပ်ဖို့ Resource Allocation policies ကို create လုပ်နိုင်တယ်။ ထိုသို့ ပြုလုပ်ထားခြင်းဖြင့် server သည် under heavy load ဖြစ်နေလျှင်တောင်မှ requests များကို ကောင်းစွာ response လုပ်နေနိုင်တယ်။ (Figure 5-12) ။
Server Manager ကို အသုံးပြုပြီး Windows Server 2008 computer မှာ WSRM ကို add နိုင်တယ်။ process ကို စတင်ဖို့ Server Manager ကို right-click လုပ်ပြီး Add Features ကို ရွေးချယ်ပါ။ Add Features Wizard မှာ WSRM ကို add လုပ်ဖို့ အညွှန်း တစ်ခု ပါဝင်တယ်။ WSRM နဲ့ ပက်သက်တဲ့ information များအတွတ် Start menu Start Search box မှာ system resource လို့ ရိုက်ထည့်ပါ။ help file မှာ resource settings များကို creating and managing ပြုလုပ်ခြင်းနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေ
ပါဝင်တယ်။
source:crazystar
Ingen kommentarer:
Send en kommentar