မိမိကွန်ပျူတာ desktop ပေါ်မှာ shutdown icon လေး လုပ်ကြည့်ကြရအောင် ။ အရမ်းလွယ်ပြီးတော့ အရမ်း လည်းကောင်းပါတယ် ။ အခြားကွန်ပျူတာတွေတော့ မသိဘူး ကျွန်တော့် ကွန်ပျူတာတော့ ဒီကောင်လေး ကလစ်လိုက်တာနဲ့ အချိန်ပိုင်းအတွင်းမှာ shutdown ကျသွားပါတယ် ။ Start Menu ကိုသွားစရာမလို တော့ ဘူးပေါ့ဗျာ ။
အဆင့် (၁)။ desktop ပေါ်မှာ Right Click ထောက်လိုက်ပါ။
အဆင့် (၂)။ New မှ Shortcut ကိုနှိပ်ပါ။
အဆင့်(၃)။ ပုံမှာပြထားသလိုပဲ shutdown -s -t 0 ရိုက်ထည့်ပါ။ ပြီးလျှင် Next ပေးပါ ။ 0 နေရာမှာ မိမိကြိုက်တဲ့ နံပါတ်ကို ပေးလို့ရပါ တယ် ။ အဲဒီအိုင်ကွန်လေးကို နှိပ်ပြီးတော့ shutdown ကျသွားမယ့်အချိန်ဖြစ်ပါတယ် ။
အဆင့်(၄)။ Type a name for this shortcut မှာ မိမိကြိုက်တဲ့ နာမည်ရိုက်ထည့်ပါ ။ ပြီးလျှင် finish ပေးပါ။
Ingen kommentarer:
Send en kommentar