ဆိုတဲ့ စာတန်းကြီးနဲ့ Box တစ်ခု ကျလာတယ်။ စိတ်က စနိုးစနောင့် ဖြစ်သွားတယ်။ ဘာလဲဟပေါ့။ ဒါနဲ့ အဲဒါကို ပိတ်လိုက်တယ်။ စက်က ပုံမှန်ပဲ။ ဘာမှမသိသာဘူး ဆိုတော့ စိတ်က နည်းနည်းတော့ ပေါ့သွားတယ်။ အဲ . . . ပြောလို့မှ မဆုံးသေးဘူး။ Desktop ပေါ် Right Click လုပ်ပြီး properties ကို နှိပ်ဖွင့်တာ အပေါ်က စာတန်းကြီးနဲ့ Box က ကျလာတော့တယ်။ properties က ကျမလာဘူး။ စိတ်ထဲ ညစ်သွားတယ်။ ဗိုင်းရပ်စများ ကိုက်သလားပေါ့။သို့ပေမယ့် Google ကြီး ရှိနေတော့ စိတ်မပျက်ပဲ ပြဿနာကို ရှာလိုက် ဖွေလိုက်တာ တွေ့ပါတယ်။ သူပြောတဲ့ နည်းတွေ အတိုင်း လိုက်လုပ်လိုက်တယ်။ အိုကေသွားတယ်။ ကဲ စာဖတ်သူများလဲ အဲဒီပြဿနာများ ပေါ်လာခဲ့ရင် ဖြေရှင်းဖို့ မျှဝေပေးလိုက်ပါတယ်။ လုပ်နည်းကတော့ အောက်မှာပါ၁) ပထမဦးစွာ Start မှ Run ကို ဖွင့်ပါ။၂) ပြီးရင် services.msc ကို ရိုက်ပြီး 0k ။၃) ညာဖက်တွင် System restore service ကို ရှာပါ။ တွေ့လျှင် Right Click ၊ Properties ကိုရွေးပါ။
၎) အောက်တွင်ပြထားသည့်အတိုင်း Disabled လုပ်ပြီး Apply ၊ Ok
၅) ပြီးလျှင် My Computer ကို Right Click ၊ Properties ရွေးပါ။၆) System Restore tab ကို ရွေးပါ။ Turn off system Restore on all drive ဆိုတဲ့ စာတန်းကို အမှန်ခြစ် ဖြုတ်ပါ။၇) Ok ပေါ့ဗျာ။
မောင်စေတနာ
Ingen kommentarer:
Send en kommentar