lørdag den 14. november 2009

ပထမဆုံးသော မြန်မာအက္ခရာသုံးဒိုမိန်း

ICANN က Domain Name တွေမှာ Unicode ကိုသုံးစွဲခွင့်ပြုလိုက်တဲ့ နောက်ပိုင်းမှာ မြန်မာအက္ခရာသုံး ဒိုမိန်းအဖြစ် ပေါ်ထွန်းလာခဲ့တာကတော့ www.ဧရာ.com ပါ။ Browser ရဲ့ address bar မှာ www.ဧရာ.com လို့ ရိုက်ထည့်ပြီး ကြည့်နိုင်ပါပြီ။ အဲဒီအခါမှာ www.xn--fjdxq.com သို့ ရောက်သွားပါလိမ့်မယ်။ လောလောဆယ်တော့ ICANN က URL မှာသာ မိမိတို့ ဘာသာစကားတွေကို ထည့်သွင်းခွင့်ပြုထားသေးတာဖြစ်ပြီး DNS မှာ မိခင်ဘာသာစကားတွေ ထည့်သွင်းနိုင်ဖို့ကတော့ 2010 မှ ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။ ဘာပဲပြောပြော နောက်ပိုင်းမှာတော့ Website လိပ်စာတွေက english လိုချည်းမဟုတ်တော့ပဲ နိုင်ငံတိုင်းဟာ ကိုယ့်ဘာသာစကားတွေကို သုံးစွဲလို့ရသွားပါပြီ။ အင်း မှတ်ရပြုရတာတော့ ခက်ခဲတော့မှာပါပဲ။ စာဖတ်သူတို့အတွက်လည်း www.အိုင်တီမန်း.com ဆိုပြီး လုပ်လိုက်ရင် ကောင်းမလားလို့။သတင်းအပြည့်အစုံကို http://peoplemediavoice.net/tech-news/yes-we-can-use-burmese-name-in-url.html မှာ သွားကြည့်နိုင်ပါတယ်။ ICANN ရဲ့ gTLD ကို Internationalized လုပ်ခွင့်ပေးလိုက်တဲ့ ကြေငြာချက်ကိုတော့ http://www.icann.org/en/announcements/announcement-04oct09-en.htm မှာ သွားဖတ်နိုင်ပါတယ်။source:IT Men

Ingen kommentarer:

Send en kommentar