søndag den 11. oktober 2009

Scandisk/Chkdsk ကို Disable လုပ်ခြင်း

Hard Disk မှာ Bad Sectors တွေ များနေတဲ့အခါမှာ Computer ကစစဖွင့်ချင်းပဲ Auto Scandisk သို့  Chkdskတက်လာတက်ပါ တယ်။ လုပ်မှာလား မလုပ်ဘူးလားပေါ့။ မလုပ်ဘူးဆိုရင်တော့ ကီးဘုတ်ကနေ တစ်ခုခုကို နှိပ်ပြီး ကျော်ပေးရပါတယ်။ အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့Computer က Auto Disk Check လုပ်နေတာနဲ့  သုံးရတော့မှာ မဟုတ်ပါဘူး။ အဲဒါကြီး ပြီးဖို့ အတွက် အချိန်အကြာကြီး စောင့်နေရမှာပါ။ အဲဒါကို Disable လုပ်ထားလို့ ရပါတယ်။ Start > Run ကို သွားပြီး Run Box မှာ Regedit လို့ ရိုက်ပြီး Registry Editor ကို သွားလိုက်ပါ။ Registry Editor ထဲ ရောက် သွားပြီဆိုရင် HKEY_LOCAL_MACHINE နေ System\CurrentControlSet\Control\Session Manager ကိုသွား လိုက်ပါ။

အဲဒီမှာ BootExecute ဆိုတာတွေ့ ရပါလိမ့်မယ်။အဲဒါကို Modify လုပ်ပါမယ်။ Double Click ပဲလုပ်လုပ် Right Clickကနေ Modify ကပဲသွားသွား ရပါတယ်။ပြီးရင် အဲဒီက Autocheck Autochk* ကို ဖျက်ပစ်လိုက်ပါ။အဲဒါဆို ရပါပြီ။ PC ကိုReboot ပေးကြည့်လိုက်ပါ။ Windows ပြန်တက်လာချိန်မှာ Scandisk & Chkdsk က တက်လာတော့မှာ မဟုတ်ပါဘူး။
ကိုရင်ပြည့်စုံး

Ingen kommentarer:

Send en kommentar