onsdag den 14. oktober 2009

PDF File Size ချုံ့ခြင်း

PDF ဖိုင်တွေဟာ သာမန်အားဖြင့်တော့ ချုံ့စရာမလိုပါဘူး။ ဒါပေမယ့် Scan ဖတ်ထားတာဆိုရင်တော့ File Size တွေက ကြောက်စရာကောင်းလောက်အောင်ကို ကြီးမားနေတာပါ။ ကျွန်တော်ဆိုရင် စာအုပ်တစ်အုပ်ကို Scan ဖတ်ပြီး Ebook လုပ်ကြည့်တဲ့အခါမှာ ထွက်လာတဲ့ File Size က 375 MB ဖြစ်နေလို့ မဖြစ်သေးဘူးဆိုပြီး File Size ကို လျော့ကြည့်ဖို့ ကြိုးစားမိပါတယ်။ အဲဒီအခါမှာ အံ့သြစရာကောင်းလောက်အောင် File Size ဟာ 375 MB ကနေ 49 MB ထိ ကျုံ့သွားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တွေ့ရှိခဲ့တဲ့နည်းလေးကို ရှယ်ယာလုပ်ဖြစ်သွားတာပါ။စာအုပ်ကို Scan ဖတ်တဲ့အခါမှာ ပျှမ်းမျှအားဖြင့် စာမျက်နှာတစ်မျက်နှာဟာ 1 MB နီးနီးကို ရောက်သွားပါတယ်။ ဒါပေမယ့် အဲဒီစာမျက်နှာမှာပါဝင်တဲ့ ပုံတွေ၊ စာတွေ အနည်းအများပေါ်မူတည်ပြီး size က ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်တို့တွေ အရင်ဆုံး အဲဒီ File size ကို လျှော့ချရပါမယ်။ ကျွန်တော် Scan ဖတ်တဲ့စာအုပ်ဆိုရင် စာမျက်နှာတစ်မျက်နှာချင်းစီဟာ 1 MB လောက်စီ နေရာယူပါတယ်။ ပြီးတော့ Dimension 2084*2960 ပါ။ ကျွန်တော် အဲဒီဖိုင်ကို Paint နဲ့ ဖွင့်လိုက်ပါတယ်။ ပြီးတော့ Ctrl+S နှိပ်လိုက်ပါတယ်။ ပြီးတော့ Paint ကို ပိတ်လိုက်ပါတယ်။ ဟော File Size က 828 KB ဖြစ်သွားပါတယ်။ ဒါပေမယ့် များပါသေးတယ်။ ဒါကြောင့်မို့ အဲဒီဖိုင်ကို Microsoft Office Picture Manager နဲ့ ဖွင့်လိုက်ပါတယ်။ ပြီးတော့ Documents အနေနဲ့ Compress လုပ်လိုက်ပါတယ်။ ဟော File Size က 68.7 KB ဖြစ်သွားပါပြီ။ တခြား စာမျက်နှာတွေလည်း အဲဒီအတိုင်း (စိတ်ရှည်စွာနဲ့) လိုက်လုပ်လိုက်ပါတယ်။ အားလုံးပြီးသွားတော့ Adobe Acrobat 7.0 နဲ့ PDF အဖြစ် ဖန်တီးလိုက်ပါတယ်။ ထွက်လာတဲ့ PDF File Size က အတော်လေးကြီးနေပါတယ်။ အဲဒါနဲ့ Acrobat ထဲမှာများ ပါမလားလို့ လှည့်ရှာကြည့်မိပါတယ်။ ဟော File Menu ထဲမှာ Reduce File Size ဆိုတာ တွေ့တာနဲ့ အားကိုးတကြီးနဲ့ နှိပ်လိုက်ပါတယ်။ ဒါပေမယ့် point အနည်းငယ် လောက်ပဲ လျော့သွားပါတယ်။ ပြောတော့ Reduce File Size တဲ့။ နောက်က a littte ဆိုပြီး ထည့်ထားရမှာ။ အဲဒါနဲ့ ထပ်ရှာကြည့်ပြန်တယ်။ Advanced Menu ထဲမှာ PDF Optimizer ဆိုတာ တွေ့လိုက်ပါတယ်။ သူ့ကို ရွေးလိုက်ပါတယ်။ Box တစ်ခုပေါ်လာပါတယ်။ ဘယ်ဘက်က Scanned Pages ကို ရွေးလိုက်ပါတယ်။ အဲဒီမှာ Slider လေးပါပါတယ်။ Small Size ကနေ High Quality ဆီကို ရွှေ့လို့ရပါတယ်။ ကျွန်တော် Small Size ဘက် အဆုံးထိ Slider ကို ရွှေ့လိုက်ပါတယ်။ ပြီးတော့ OK နှိပ်လိုက်တယ်။ Ctrl+S နှိပ်လိုက်ပါတယ်။ အဲဒီမှာ 375 MB ရှိတဲ့ PDF File ဟာ 49 MB ထိ ကျုံ့သွားပါတယ်။ အချိန်တော့ နည်းနည်း ပေးရပါလိမ့်မယ်။source:IT Men

Ingen kommentarer:

Send en kommentar