søndag den 25. oktober 2009

DAEMON 4304-lite နဲ့ Virtual Drive တစ်ခုဖန်တီးကြစို့

ဟိုတစ်နေ့က ကိုအောင်တင်ဝင်းနဲ့ ကျွန်တော် ဂျီတော့မှာဆုံဖြစ်တော့ ကျွန်တော့ကိုမေးပါတယ်။ သူအခု အင်္ဂလိပ်-မြန်မာအဘိဓါန်ကို သုံးတဲ့အခါ CD ထည့်ပြီးသုံးနေရတယ်တဲ့။ အဲဒါ CD မထည့်ဘဲ ကျန်တဲ့ဆော့ဖ်ဝဲလ် တွေလို သုံးလို့ရသလားလို့မေးပါတယ်။ သုံးလို့ရပါတယ်။ နည်းလမ်းဘယ်နှမျိုးလောက် ရှိလဲတော့ ကျွန်တော်မသိပါ။ ကျွန်တော်သိတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပါတယ်။ သိတယ်ဆိုတာထက် ကျွန်တော် လက်ရှိသုံးနေတဲ့နည်းလမ်းလေးပါ။ ဒါထက်ကောင်းမွန်တဲ့ နည်းလမ်းများရှိကြရန် မျှဝေပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ ပထမဆုံး Deamon4304-lite ဆော့ဖ်ဝဲလ်လေးကို ဒီနေရာမှာ ဒေါင်းလုပ်ယူပြီး Install လုပ်ထားလိုက်ပါ။ လုပ်နည်းလေးကို အောက်မှာဆက်လက်ဖတ်ရှုပါ... ၁။ CD ကို CD Drive ထည့်လိုက်ပါ (နောက်တစ်ခါ ထည့်စရာမလိုတော့ပါ)။
၂။။ Neo သို့မဟုတ် Burning Tool တစ်မျိုးမျိုးဖြင့် CD Copy လုပ်ပါ။ Destination drive ကို Image Recoder သို့ပြောင်းပေးပြီး Copy လုပ်ပါ ။ အောက်က ပုံများကိုကြည့်ပါ။























၃။ Burning Process ပြီးသွားပြီဆိုရင် Task bar ညာဘက်ထောင့်မှာပေါ်နေတဲ့ DAEMON Tool Lite ကို Right click ---> Virtual CD/DVD-ROM ---->Device 0 : [ H ] မှ Mount Image ကို Click လုပ်ပြီး Disc Image ဖိုင်လေးကို Open လုပ်လိုက်ပါ။

















၎။ ဒါဆိုရင် CD ထဲမှာရှိတဲ့ Data တွေအားလုံး Virtual Drive ထဲကိုရောက်သွားပြီဖြစ်တဲ့အတွက် CD ထည့်စရာလိုတော့ဘဲ Program လေးကို သုံးလို့ရသွားပါပြီ။ ဒါ့အပြင် တစ်ခြား အသုံးဝင်မှုတစ်ခုကတော့ အချို့သော Software, game စတာတွေကို ဒေါင်းလုပ်ယူတဲ့အခါမှာ ISO ဖိုင်အနေနဲ့ ရလာခဲ့ရင် CD မှာ burn စရာမလိုပဲ mount လုပ်ပြီး သုံးလို့ရတာပဲဖြစ်ပါတယ်။ DAEMON Tool Lite မှာ အလားတူ Virtual Drive မျိုး (၄)ခုအထိ ဖန်တီးလို့ရတဲ့အတွက် မိမိအဆင်ပြေသလိုသာ အသုံးပြုကြပါလို့။
p/s ကိုအောင်တင်ဝင်းရေ. ခင်ဗျားရဲ့ အဘိဓါန် CD ကို ချောင်သာထိုးထားလိုက်တော့.. ဒါပေမယ့် အလွယ်တကူ ပြန်ရှာလို့တွေ့မယ့် နေရာဖြစ်ပစေနော်..

Ingen kommentarer:

Send en kommentar