søndag den 11. oktober 2009

Chapter 6 : TCP/IP and The Internet Layer (5)

Two-Segment ARP Example
ARP အသုံးပြုပုံနဲ့ ပက်သက်ပြီး ပိုမို အသေးစိတ်ကျတဲ့ ဥပမာ တစ်ခုကို Figure 6-3 မှာ ပြသထားတယ်။ ၄င်း ဥပမာမှာ PC-A သည် PC-B သို့ IP ကို အသုံးပြုပြီး connect လုပ်လိုတယ်။ source address သည် 1।1।1।1 (PC-A) ဖြစ်ပြီး destination သည် 2।2।2।2 (PC-B) ဖြစ်တယ်။ ၄င်း devices 2 ခုသည် different networks များပေါ်မှာ ရှိနေတာကြောင့် networks 2 ခုအကြားမှာ router ကို အသုံးပြုပြီး communicate လုပ်တယ်။ ဒါကြောင့် PC-A သည် PC-B သို့ send လုပ်လိုတဲ့အခါ router မှတဆင့် sent လုပ်ရတယ်။ ဒါပေမယ့် ၄င်း communication သည် IP ကို အသုံးပြုတဲ့ network layer မှာ မဖြစ်ပေါ်ဘဲ၊ data link layer မှာ ဖြစ်ပေါ်တယ်။

ဒီ ဥပမာမှာ Ethernet ကို အသုံးပြုတယ်လို့ ယူဆပါ။ PC-A လုပ်ဆောင်တဲ့ ပထမဦးဆုံးသော အရာသည် layer 3 address အပေါ်မှာ အခြေခံပြီး destination သည် local or another subnet ဖြစ်သလားဆိုတာကို ဆုံးဖြတ်ခြင်းပါပဲ။ (ဒီ process ကို chapter 7 မှာ ဆွေးနွေးမယ်)။ ဒီဥပမာမှာ destination သည် remote location မှာ ရှိနေတာမို့ PC-A သည် default gateway router ရဲ့ MAC address ကို သိဖို့ လိုအပ်တယ်။








Two-Segment ARP Example
ARP table ထဲမှာ router ရဲ့ address အရံသင့်ရှိမနေရင် PC-A သည် default gateway ရဲ့ MAC address ကို ARP လုပ်ပါလိမ့်မယ်။ ၄င်းကို Figure 6-3 ရဲ့ step 1 မှာ ပြသထားတယ်။ step 2 မှာ router သည် PC-A ချိတ်ဆက်ထားတဲ့ Ethernet interface ရဲ့ MAC address နဲ့အတူ response လုပ်တယ်။ step 3 မှာ PC-A သည် source and destination addresses များနဲ့အတူ IP packet တစ်ခုကို create လုပ်ပြီး၊ ၄င်း packet ကို PC-A ရဲ့ Source MAC address ၊ router ရဲ့ destination MAC address များနဲ့အတူ Ethernet frame ထဲမှာ encapsulate လုပ်တယ်။ ၄င်းနောက် PC-A သည် Ethernet frame ကို router သို့ ပို့လိုက်တယ်။

router သည် Ethernet frame ကို လက်ခံရရှိတဲ့အခါ၊ သူ့ Ethernet interface ရဲ့ MAC address နဲ့ ၄င်း frame ကို တိုက်ဆိုင်စစ်ဆေးတယ်။ တူညီနေတာ တွေ့ရမယ်။ ဒါကြောင့် router သည် Ethernet frame ကို strip off လုပ်ပြီး destination address 2।2।2।2 အပေါ် အခြေခံပြီး routing decision ကို ဆောင်ရွက်တယ်။ ဒီဥပမာမှာ network သည် router ရဲ့ second interface သို့ တိုက်ရိုက်ချိတ်ဆက်ထား တယ်။step 4 မှာ အကယ်၍ router ရဲ့ local ARP table ထဲမှာ PC-B ရဲ့ MAC address မရှိနေရင် router သည် PC-B ရဲ့ MAC address ကို ARP လုပ်တယ်။ step 5 မှာ response ကို လက်ခံရရှိတယ်။ step 6 မှာ router သည် original IP packet ကို new Ethernet frame ထဲသို့ encapsulate လုပ်တယ်။ ၄င်း frame မှာ သူ့ရဲ့second interface`MAC address ကို source အဖြစ်လည်းကောင်း၊ PC-B ရဲ့ MAC address ကို destination အဖြစ်လည်းကောင်း ထည့်သွင်းတယ်။ PC-B သည် ၄င်း frame ကို လက်ခံရရှိတဲ့အခါ (destination MAC address ॥ matching ဖြစ်တာကြောင့်) frame သည် သူ့အတွတ် ဖြစ်တယ်ဆိုတာ သိတယ်။ layer 3 IP header ထဲက IP address အပေါ်အခြေခံပြီး IP packet သည် PC-A မှ အစပြုလိုက်တယ်ဆိုတာကိုလည်း သိလိုက်တယ်။
ဒီ ဥပမာမှာ packet ထဲမှ original IP addressing ကို router သည် အပြောင်းအလဲ မလုပ်ဝူးဆိုတာ မှတ်သားပါ။ destination သို့ IP packet ရောက်ရှိစေဖို့ Ethernet frames 2 ခုကို အသုံးပြုလိုက်တယ် ဆိုတာကိုလည်း မှတ်သားပါ။ ထို့အတူ device အသီးသီးသည် MAC addresses များကို local ARP table မှာ သိမ်းဆည်း ထားရှိတယ်ဆိုတာကိုလည်း မှတ်သားပါ။ ဒီနည်းအားဖြင့် PC-A သည် နောက်တစ်ကြိမ် PC-B သို့ send လုပ်ဖို့ လိုအပ်လာတယ်ဆိုရင် ARP ကို နောက်တစ်ကြိမ် လုပ်ဆောင်ဖို့ မလိုအပ်တော့ပါ။
exam watch!
layer 2 နဲ့ layer 3 မှာ မည်သည့် device သည် မည်သည့် device သို့ talk လုပ်တယ်ဆိုတာကို မှတ်သားပါ။ source နဲ့ destination ကြားမှာ router ရှိနေတဲ့အခါ layer 2 မှာ source သည် သူ့ရဲ့ MAC address ကို source အဖြစ်လည်းကောင်း default dateway MAC address ကို destination အဖြစ်လည်းကောင်း အသုံးပြုတယ်။ Layer 3 မှာ အသုံးပြုတဲ့ IP addresses များကို router သည် အပြောင်းအလဲ မပြုလုပ်ဝူးဆိုတာ မှတ်သားပါ။

ARP လုပ်ရမယ့် device သည် same segment ပေါ်မှာ ရှိနေတယ်လို့ ARP သည် ယူဆတယ်။ ဥပမာ Figure 6-4 မှာ PC-A သည် router ရဲ့ IP address 1।1।1।2 ကို same broadcast domain ထဲမှာ ရှိနေတယ်လို့ router ရဲ့ IP address အပေါ် အခြေခံပြီး ယူဆတယ်။ ၄င်းယူဆချက်သည် မှန်ကန်တယ်။ PC-A သည် router ရဲ့ MAC address အတွတ် broadcast ARP ကို generate လုပ်တဲ့အခါ router သည် ၄င်း request ကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် အကယ်၍ device တစ်ခုကို network ရဲ့ တစ်နေရာမှ အခြား တစ်နေရာသို့ ပြောင်းရွေ့တဲ့အခါ device ရဲ့ original IP address ကို အပြောင်းအလဲ မပြုလုပ်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုး တွေ့ကြုံလာရတတ်ပါတယ်။
exam watch!
proxy ARP သည် different network segment ပေါ်မှ device အတွတ်router ကို သူ့ရဲ့ ကိုယ်ပိုင် MAC address ကို ARP reply ထဲမှာ ထည့်သွင်းပြီး response လုပ်နိုင်စေတယ်။ device တစ်ခုကို segment တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွေ့ဖို့ လိုအပ်လာပြီး သူ့ရဲ့current IP addressing information ကို ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့ အခါမျိုးမှာ proxy ARP ကို အသုံးပြုတယ်။




Figure 6-4 ကိုကြည့်ပါ။ PC-C ကို ဘယ်ဘက် segment မှ ညာဘက် segment သို့ ပြောင်းရွေ့ထားတာ တွေ့ရမယ်။ ဒါပေမယ့် သူ့ရဲ့ IP address ကတော့ ယခင်အတိုင်းပဲ မပြောင်းလဲဘဲ ရှိနေတယ်။ ဒါပေမယ့် PC-A သည် PC-C ကို local segment မှာ ရှိနေတယ်လို့ ယူဆနေဆဲဖြစ်တယ်။ ၄င်း ပြဿနာကို ဖြေရှင်းဖို့ လိုအပ်ချက် 2 ခုရှိတယ် :■ host address သို့ sent လုပ်လိုက်တဲ့ traffic တွေကို device ရဲ့ new network segment သို့ direct လုပ်ပေးမယ့် static host route တစ်ခု router မှာ လိုအပ်လိမ့်မယ်။■ original network segment သို့ ချိတ်ဆက်ထားတဲ့ router ရဲ့ interface မှာ proxy ARP ကို enable လုပ်ပေးရမယ်။destination device သည် same segment ပေါ်မှာ မရှိနေတဲ့အခါ၊ proxy ARP သည် router ကို သူ့ရဲ့ ကိုယ်ပိုင် MAC address နဲ့ ARP query တစ်ခုသို့ reply လုပ်နိုင်စေတဲ့ feature တစ်ခုဖြစ်တယ်။ ဥပမာ Figure 6-4 မှာ PC-A မှလာတဲ့ local broadcast ARP query ကို PC-C မမြင်နိုင်ပါ။ ဒါကြောင့် router မှာ ညာဖက် segment သို့ point လုပ်တဲ့ 1।1।1।3 အတွတ် static host route တစ်ခု ရှိနေတယ်။ 1।1।1।3 အတွတ် ARP request ကို router လက်ခံရရှိတဲ့အခါ သူ့ရဲ့ ကိုယ်ပိုင် MAC address 0000।0CCC।2222 နဲ့ response လုပ်တယ်။ ၄င်းသည် PC-A ကို PC-C သည် same segment ပေါ်မှာ ရှိနေတယ်လို့ ယူဆ (illusion) စေတယ်။ PC-A သည် router သို့ traffic ကို forward လုပ်လိမ့်မယ် (PC-C သို့ တိုက်ရိုက်ပေးပို့နေတယ်လို့ ထင်နေရင်း)။ router သည် ၄င်း traffic ကို correct network segment သို့ route လုပ်ပါလိမ့်မယ်။on the job!Figure 6-4 မှာ ပြထားတဲ့ ဥပမာသည် ဥပမာ သက်သက်မျှသာ ဖြစ်တယ်။ segment တစ်ခုမှ အခြား segment တစ်ခုသို့ device ကို ပြောင်းရွေ့တဲ့အခါ new network segment ရဲ့ network number နဲ့ ကိုက်ညီမယ့် IP addressing information ကို ပြောင်းလဲသင့်တယ်။ server ကို different network number သို့ ပြောင်းရွေ့တဲ့အခါ ၊ server မှ application တစ်ခုသည် hard-coded IP address ရှိနေတာမို့ ၄င်းကို ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အခါ နဲ့ နောက်တစ်ခုက remote access IPSec clients များသို့ IP addressing information ကို assign လုပ်တဲ့ အချို့ အခြေအနေများမှာ proxy ARP ကို အသုံးပြုဖို့ လိုအပ်တယ်။
source:crazystar

Ingen kommentarer:

Send en kommentar