fredag den 30. oktober 2009

လက်ဖြင့်သယ်သွားနိုင်သော တီဗီပေါ်ထွက်


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အလွယ်တကူသယ်ဆောင်ကာကြည့်ရှုနိုင်တဲ့ FLO TV Personal Television ကို Qualcomm မှ ပထမဦးဆုံးအနေဖြင့် ထုတ်လုပ်လိုက်ကြောင်းသိရပါတယ်။ Qualcomm ဟာ mobile TV ၀န်ဆောင်မှုပေး တဲ့ကုမ္ပဏီဖြစ်ပါတယ်။ FLO TV Personal Television တွင် Qualcomm အနေဖြင့် ၎င်းရဲ့ဝန်ဆောင်မှုကိုထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်။ FLO လို့ခေါ်တဲ့ "forward link only" နည်းပညာကို အသုံးပြုထားတာကြောင့် ရုပ်သံ တင်ဆက်မှုအမြောက်အများကို ကြည့်ရှုနိုင်မှာဖြစ်ပြီး wireless ဖြင့်လည်း အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီ device ဟာအရည် အသွေးမြင့်တဲ့ TV ဖြစ်ပြီးအစီအ စဉ်များကိုစောင့်ဆိုင်းစရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ CNBC, Comedy Central, ESPN, ESPNews, Fox, Fox News, Fox Sports, MSNBC, MTV, NBC2Go, NBC, NBC News, NBC Sports, Nickelodeon, CBS, CBS College Sport နဲ့ CBS News စတဲ့အစီအစဉ်များကိုကြည့် ရှုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။ FLO TV Personal Television ကိုမကြာမီတွင်စတင်ရောင်းချမှာ ဖြစ်ပြီး တန်ဖိုးကတော့အမေရိကန် ဒေါ်လာ ၂၄၉.၉၉ဖြစ်ကာ ၀န် ဆောင်ခအနေဖြင့်တစ်လလျှင် အ မေရိကန်ဒေါ်လာ ၈.၉၉ကျသင့် မှာဖြစ်ပါတယ်။ ၃.၅လက်မအရွယ် screen ပါဝင်ပြီးအလေးချိန်က တော့ ၅အောင်စခန့်ရှိဘက်ထရီကို ၅နာရီကြာကြည့်ရှုအသုံးပြုနိုင်ပြီး standby အနေဖြင့်နာရီ ၃၀၀ ကြာအသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။source:mminternetjournal

Ingen kommentarer:

Send en kommentar