ကဲ အင်တာနက်
speed နှေးနေတဲ့သူတွေ အတွက် ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ . ကျွန်တော်ဒီ
software ကို ကိုရဲနောင်ဆီကနေ ရတာပါ . ဒီ့ထက်မြင့်တဲ့
version ကို ထပ်တင်ပေးပါဦးမယ် . အင်တာနက်
speed ကတော့ ယခင်ကထက် ပိုမြန်လာတာကို တွေ့ရမှာပါ . နောက်ပိုင်း ကွန်ပျူတာတစ်လုံးကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဗိုင်းရပ်စ်ရန်ကို အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ရေးပေးပါဦးမယ် . pdf နဲ့ ရေးပေးဖို့ စိတ်ကူးထားပါတယ် . အ

ခုကတော့ သိတဲ့အတိုင်း အလုပ်နဲ့ နဘန်းလုံးနေရတာက များတယ် . ဒီကြားထဲ မေးလာတဲ့သူတွေကိုလဲ အတတ်နိုင်ဆုံး ကိုနားလည်တတ်ကျွမ်းသလောက် အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ပြန်ဖြေပေးနေရတော့ အဲ့ဖက်ကို မျက်စိစုံမှိတ်ပြီး ထားထားရတာပါ . လုပ်ပေးချင်တာကတော့ လက်ကိုယားနေတာပါပဲ . လုပ်ပေးချင်တာတွေက များပြီး အချိန်က ဆင်းရဲနေတော့ ခဏလေးတော့ သီးခံပြီး စောင့်ပေးပါလို့ ကြိုတင်တောင်းပန်ချင်ပါတယ် . ကျွန်တော့်ရင်ထဲမှာ ပြောချင်တာ တစ်ခုတော့ရှိပါတယ် . မပြောဘဲနေမလို့ဘဲ . မနေ့က ညီမငယ်လေးတစ်ယောက် ကျွန်တော့်ကို ရင်လာဖွင့်ပါတယ် . သူ့ရဲ့
email address နဲ့
password တွေကို တစ်ခြားသူတစ်ယောက်က ယူသွားတယ်တဲ့ . တစ်ကယ့်ကို စိတ်ဆင်းရဲနေတာပါ ကောင်မလေးကြည့်ရတာ . ကျွန်တော့် စိတ်ထဲမှာတော့ မကောင်းပါဘူး . သူက အင်တာနက်ကို ကိုယ်တိုင် မသုံးနိုင်လို့ ဆိုင်ကနေ သုံးသုံးနေရတာပါတဲ့ . သူ့ရဲ့အိမ်တွင်းရေးတွေ ကိုယ်ရေးကိုယ်တာတွေကို သူ့
email ထဲမှာ အကုန်ရှိပါတယ်တဲ့ . သူ့ကောင်လေးနဲ့ နှစ်ကိုယ်ကြားပြောခဲ့တဲ့ စကားတွေလဲ ပါချင်ရင်ပါမှာပေါ့ . ဘယ်လိုပြန်ယူရမလဲတဲ့ ကျွန်တော်ကြိုးစားကြည့်ပါသေးတယ် . အဲ့ကောင်မလေး ကံကောင်းသွားတာ တစ်ခုတော့ရှိပါတယ် . သူ့ရဲ့
secondary email လိပ်စာကို ယူသွားတဲ့သူက မပြောင်းထားဘူး . ကျွန်တော် သူ့ရဲ့
secondary email လိပ်စာနဲ့ သူ့
password ကို ပြန်ရအောင် လုပ်ပေးလိုက်ပါတယ် . အဲ့ဒီ့တော့ ကျွန်တော်ပြောချင်တာက . ကိုယ့်ကိုယ်ကို လူတစ်ယောက်လို့ သတ်မှတ်တဲ့ သူဆိုရင်တော့ ကိုယ့်ဆိုင်ကို လာအားပေးတဲ့ ညီငယ် ညီမငယ်တွေကို ကိုသိတဲ့ လက်တစ်ဆစ်လောက် ပညာလေးနဲ့ ဘာမှမသိသေးတဲ့ သူတွေကို သွားပြီးတော့ အနိုင်မကျင့်ကြပါနဲ့ . ကျွန်တော်လဲ မကျွမ်းကျင်ပါဘူး . ဒါပေမယ့် ကိုသိသလောက် ကလေးတွေကို ပြောပြတယ် . ဖလှယ်ပေးတယ် . ဒီလိုဖလှယ်ပေးတာတွေက . တစ်ကယ်တော့ ကို့လောက် မသိနားမလည်တဲ့ သူတွေကို အနိုင်ကျင့် ဆော်ကားဖို့ မဟုတ်ပါဘူး . ကိုအဲ့လိုမျိုး လုပ်လိုက်လို့ကော ဘာတွေ ထူးခြားပြီးပြောင်းလဲသွားမှာ မို့လို့လဲဗျာ . မလုပ်ကြပါနဲ့ . တိရိစ္ဆာန်တွေတောင်မှ သစ္စာမမဲ့ကြပါဘူး . ကျွန်တော်တို့တွေက လူတွေလေ . တွေ့လိုက်တဲ့သူတိုင်း ဘာတဲ့
Hacker ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ၊ ကျွန်တော်ဗျာ သူများ
email ကို ဟက်ချင်တယ် . ဘယ်လိုလုပ်ရမလဲ ကိုညီနေမင်းရယ်တဲ့ . ပြောထွက်လိုက်တဲ့ပါးစပ် . ကျွန်တော့်ညီဆိုရင် နဘန်ကျင်းပစ်တာကြာပြီ . အဲ့လိုလူမျိုးတွေကို မေးကြည့်တယ်
program မပြောနဲ့
html ကိုတောင် အဖွင့်အပိတ် နားမလည်တဲ့သူတွေ များတယ် . ကျွန်တော့်အထင် ကျွန်တော့်စကား မှားသွားတယ်ဆိုရင်တော့ ကြိုက်သလို ဆုံးဖြတ်လို့ရပါတယ် . ရိုင်းတယ်လို့ထင်ရင်လဲ ခံပါ့မယ် . ကျွန်တော်က ပျော်ပျော်ပဲနေတတ်တာပါ . အခုအချိန်အထိ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဖူးဘူး . အဲ့ဒါမှန်သောစကားပါ . အင်တာနက်က
တွေ့တဲ့ keylogger လို
program မျိုးလောက်ကို အဟုတ်ပြီးထင် . သူများအတွင်းရေးတွေ လိုက်ကြည့် . သူများ
password တွေလိုက်ခိုး . ပြီးတော့ မဟုတ်တရုတ်တွေ လျှောက်ဟုတ် ၊ အဲ့လိုလူတွေဟာ တစ်ကယ်တော့ ခွေးလောက်ကို သစ္စာတရားမရှိတဲ့သူတွေပါ . ဘာဖြစ်လို့လဲလို့မေးလာရင် ဖြေဖို့ အဖြေက အရံသင့်ပါပဲ . ကိုတတ်တဲ့ မတောက်တစ်ခေါက်နဲ့ ကို့လောက်မသိတဲ့ သူတွေကို ဖြတ်လမ်းနည်းသုံးပြီး အနုနည်းနဲ့ အနိုင်ကျင့်လိုက်တာ ၊ ဆော်ကားလိုက်တာပါပဲ ၊ ကိုယ်ကိုယ်တိုင်ကော သူတို့လိုပဲ ကိုယ့်
password ကို အခိုးခံလိုက်ရရင် ဘယ်လိုနေမလဲ ၊ စဉ်းစားကြည့်လေ ၊ လူသတ်သမားတွေလိုပေါ့ ၊ သူများကို သတ်နေရရင်တော့ ပြုံးပြုံးလေးနဲ့ ကိုယ့်အလှည့်လဲရောက်ရော သေမှာ ကြောက်တတ်လိုက်တာ သေးပါထွက်တယ် ဆိုသလိုမျိုးဖြစ်နေတယ် ၊ အဲ့လိုအောက်တန်းကျင်တဲ့သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတာဟာ မကောင်းတဲ့လက်က္ခဏာပါ ၊ လာလိုက်ရင် ဟက်ကာ ဟက်ကာနဲ့ Hacker ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို မေးကြည့်လိုက် ၊ သမှန်း နမှန်းတောင် မသိကြဘူး၊ အဲ့တော့ ကျွန်တော့် ညီအစ်ကိုများလဲ အဲ့လိုမျိုး မလုပ်ကြပါနဲ့ ၊ ၀ဋ်ဆိုတာ လည်တတ်ပါတယ် ၊ သူများကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးရင် ကိုယ့်အလှည့်ဆိုတာကို ရောက်လာရင် ပြုံးပြုံးလေး ခံစားတတ်အောင် လေ့ကျင့်ထားကြပါ ၊ သူများကို တစ်မတ်ဖိုးလောက် ဒုက္ခပေးခဲ့ရင် ကိုယ့်အလှည့်ဆိုရင် တစ်ကျပ်လောက်တော့ ခံစားရမှာပါ ၊ အခုခေတ်က အတိုးခေတ်လေ ၊ သိတယ်မဟုတ်လား ၊ ကဲ ကျန်းမာချမ်းသာကြပါစေဗျာ ။
Installation File ရယ် ၊
Crack Key လေးရယ် ပါတယ်။
Installer ကို run လိုက်ပါ။ ပြီးသွားရင်
application ကို မသုံးပါနဲ့ အုံး။ အရင်ဆုံး
C:\Program Files\Full Speed ဆိုတဲ့ Folder ထဲကို ခုန ဒေါင်းလုဒ်ချထားတဲ့ ဖိုင်ထုပ်ထဲက Crack Key ( အရိုးခေါင်းပုံလေးနဲ့ ) ကို ကော်ပီယူပြီး
Paste လုပ်ပါ။ ပြီးတာနဲ့
Crack key ကို run ပါ။
crack key window မှာ
Apply Patch ကိုပေးလိုက်ပါ။ ဒါဆိုရင် ဒီ
Full Speed ကို မိတ်ဆွေ
Full Version နဲ့ သုံးလို့ ရပါပြိ။အောက်မှာ
Download လုပ်လိုက်ပါ .
Ingen kommentarer:
Send en kommentar