fredag den 11. september 2009

virus သတ်ချင်တဲ့ သူငယ်ချင်းများအတွက် ဆေးကောင်းတစ်လက်

Norton AntiVirus 2009 ကျွန်တော့်ကွန်ပျူတာမှာ တစ်ခြား virus software တွေတင်ပြီးသတ်တာကို မနိုင်လို့ အဲ့ဒီ့ virus တွေကို သက်ဆိုင်ရာ အချုပ်ခန်းထဲ ခဏချုပ်ထားလိုက်တယ် .. ဖျက်လို့လဲမရဘူး .. ဖျက်လဲခဏလေးပဲ ပြန်ဝင်လာတာ အဲ့ဒီ့တော့ မတတ်နိုင်တော့ဘူးလေ ... ခဏချုပ်ထားလိုက်တယ် ... အဲ့ဒါနဲ့ စိတ်ကလဲ စိတ်ညစ်နေတာ .. ဘယ်လောက်စိတ်ညစ်လဲဆိုရင် ပြောမပြတတ်အောင်ကိုပဲ စိတ်တိုနေတာ .. PC ထဲမှာလဲ ဖိုင်တွေက ဖျက်တာ ဖျက်လို့ကို မနိုင်တော့ဘူး .. ဘိုးဘိုးအောင် လိုမျိုး ၀လုံး တစ်လုံးကို ဖျက်ရင် နှစ်လုံးပေါ်သလိုပဲ .. ဖိုင်တစ်ဖိုင်ကို new folder ဆိုပြီး လုပ်လိုက်တာနဲ့ တစ်ခြားဘာမှမဆိုင်ပဲနဲ့ တစ်ခြား folder 2 က ပေါ်လာတယ် .. အဲ့ဒါနဲ့ ဖိုင်တွေကို ဖွင့်တာလဲ ဖွင့်လို့မရတော့ဘူး .. ကဲမထူးပါဘူးဆိုပြီးတော့ CD burn မယ်လဲဆိုရော .. DVD ထဲကို Burn ဖို့ ဖိုင်ကို Add လုပ်လိုက်တာ ဘာဖြစ်တယ်ထင်လဲ .. ကွန်ပျူတာထဲက 1GB ရှိတဲ့ ဖိုင်က CD Burn မယ့် List ထဲလဲရောက်ရော 40KB ဖြစ်သွားရော ...မထူးပါဘူးဆိုပြီးတော့ ဘယ်ရမလဲ Flash Drive ထဲ ထည့်မယ်ဆိုပြီးတော့ ခါးမှာ လက်သုံးတော် အဖြစ်ထားတဲ့(ဘုရင်များ သံလျှက်ထုတ်သလိုဟန်နှင့်) Stick ကို ထုတ်လိုက်ပြီး တပ်လိုက်တယ်ဆိုရင်ပဲ Copy ကူးတုန်းကတော့ အဟုတ်ပဲ .. stick ထဲလဲရောက်ရော 40KB ပဲ ရှိတော့တယ် .. အဲ့ဒါနဲ့ အဲ့ဒီ့ရောက်နေတဲ့ ဖိုင်အတုကြီးကို ဖွင့်လိုက်တော့ ဘသားချောက ဘယ်က ဆွေမျိုးသားချင်းတွေ ခေါ်လာလဲမသိတော့ဘူး နောက်ထပ် ၂ ဖိုင်ပါ ထပ်ပြီးပွားနေလိုက်သေးတယ် ... အသက်ရှိတဲ့ကောင်ဆိုရင်တော့ နဘန်ကို ဘယ်ပြန် ညာပြန်တီးပြစ်လိုက်မှာ .. အဲ့ဒါနဲ့မထူးပါဘူးပေါ့ဆိုပြီး ရှိသမျှဖိုင်အကုန်လုံးကို HDD (D:) အပိုင်းထဲကိုထည့် ပြီး HDD (C:)အပိုင်းကို window ပြန်တင်လိုက်တယ် .. တင်ပြီးတာနဲ့ ဘာမှမတင်သေးခင် .. Norton AntiVirus 2009 ကို ဒေါင်းလိုက်ပြီးတော့ update ထပ်လုပ်လိုက်တယ် ... အားလုံးပြီးသွားမှ လက်သုံးတော် Flash Drive လေးကို မရဲတရဲနဲ့ ထုတ်ပြီး USB Port ထဲ ထိုးထည့်လိုက်ပြီး auto play တက်လာတာကို cancel လုပ်လိုက်ပြီး အဲ့ကောင်ကို virus စစ်လိုက်တယ် .. သိပ်မရှိပါဘူး အကောင် 22 ကောင်ပဲရှိတာ အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ တစ်ကောင်တောင်မကျန်ဘူး သေကုန်ရော .. ၀မ်းသာလိုက်တာဆို ပြောမနေနဲ့တော့ .. အဲ့ဒါနဲ့ ငတိတွေ ခိုအောင်းကျက်စားနေတဲ့ HDD (D:)ကို စစ်လိုက်တယ်ဆိုရင်ပဲ ဆွေမျိုးသားချင်းတွေ အကောင် 60 ကျော်တွေ့လိုက်တယ် ..အဲ့ဒါနဲ့ သတ်ကြည့်လိုက်တာ ဂါထာတောင်မလိုဘူး အကုန်သေကုန်ရော .. သတ်ပြီးတာနဲ့ ဒီ Norton AntiVirus က ဘာလုပ်ပေးလဲဆိုရင် သတ်ပြီးသား Files တွေကို Hidden ဖိုင်လေးလုပ်ထားပေးတယ် .. သိရအောင်လို့ ကြွားတယ်ထင်တာပါပဲ .. ငါဒီ Files ထဲမှာ ရှိတဲ့ အကောင်တွေကို သတ်ပြီးပြီဆိုတဲ့သဘောပေါ့ ... အဲ့ဒါနဲ့ကိုကလဲ သူကြွားထားတဲ့ ဖိုင်လေးကို Hidden ကို အမှန်ခြစ်လေးပြန်ဖျောက်ပြီး apply လုပ်ပေးလိုက် မူရင်းဖိုင်လေး ပုံစံမပျက် ပြန်ရလိမ့်မယ် ... အားလုံးပြီးဆုံးသွားရင်တော့ ပေါ့ပါးလန်းဆန်းပြီး တက်ကြွဖျတ်လတ်နေတဲ့ ကွန်ပျူတာတစ်လုံးကို သင်ပိုင်ဆိုင်မှာပါ .. (ဒီနေ့ အူမြူးနေတာ .. နေမကောင်းပေမယ့် စိတ်ဒုက္ခပေးနေတဲ့ ငတိတွေကို ပြားပြားဝပ်ခြေမှုန်းနိုင်ခဲ့လို့လေ) ဒါကြောင့် အောင်ပွဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပြန်ပေးလိုက်တာ .ကဲအောက်မှာ သူ့မူရင်း website လေးကို ပြန်တင်ပေးထားပါတယ် ...ဒီမှာပါ အဲ့ဒီ့ကနေ သွားပြီးတော့ Download လုပ်လိုက်ပါဦး ...မသုံးတတ်ရင်ပြောနော် ကျွန်တော် ဓါတ်ပုံလေးတွေနဲ့ ရှင်းပြပေးပါ့မယ် .. သုံးတတ်မယ်တော့ထင်ပါတယ် .. install လုပ်ပြီးရင်တော့ update လုပ်ဖို့ မမေ့ပါနဲ့ ...
ဆက်လက်ဖတ်ရှု့ရန် ...

Ingen kommentarer:

Send en kommentar