torsdag den 17. september 2009

Driver Sweeper

ကိုယ့် computer ထဲမှာ Hardware တစ်ခုခု Install လုပ်လိုက်တိုင်း Driver File တွေ သွင်းရတတ်ပါတယ်..။ နောက်တော့ အဲဒီ Device ကို မသုံးဖြစ်တော့တဲ့ အချိန်မှာပဲဖြစ်ဖြစ် အဲဒီ Device ကို upgrade လုပ်လိုက်ရလို့ driver အသစ်တင်ရတာပဲဖြစ်ဖြစ်ကြောင့် စက်ထဲမှာ driver file တွေ အပိုအနေနဲ့ ရှိနေတတ်ပါတယ်..။ အဲဒီ File တွေရှိနေတာ တစ်နည်းအားဖြင့် ကောင်းသလို ဆိုးတာတွေလည်း ရှိပါတယ်..။ အခန့်မသင့်ရင် System Crash ဖြစ်တာမျိုး ကြုံနိုင်သလို Disk Usage တွေမှာလည်း အနှောက်အယှက် ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် Hardware Driver တွေကြောင့် Device အချင်းချင်း အနှောက်အယှက် ဒီတော့ ကိုယ်အသုံးမလိုတော့တဲ့ Driver File တွေကို ဖျက်ထား၊ ဖယ်ထားတာ အဆင်ပြေပါမယ်..။
Driver Sweeper ဆိုတဲ့ software က အဲဒီအလုပ်တွေကို ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်..။ အခမဲ့ ရယူနိုင်တဲ့ software လည်း ဖြစ်ပါတယ်..။ ဒါ့အပြင် Old Driver File တွေကို စုပြီး Backup လည်း လုပ်ပေးထားနိုင်ပါတယ်..။ တကယ်လို့ ကိုယ်မှားဖျက်ခဲ့သည်ရှိသော် ပြန်ပြီး restore လုပ်လို့ရဖို့အတွက်ပါ..။
Download Here

Ingen kommentarer:

Send en kommentar