lørdag den 15. august 2009

SMS သုံး၍ မိုဘိုင်းဖုန်းများကို တိုက်ခိုက်မှုရှိနေ


မကြာမီကကျင်းပပြုလုပ်ခဲ့တဲ့ Black Hat Security conference မှာသုတေသီများက SMS မက်ဆေ့ခ်ျမှတဆင့်တိုက်ခိုက်နေမှုများကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတိုက်ခိုက်မှုများဟာ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီနဲ့ အခြားယုံကြည် ရတဲ့ဌာနများမှပေးပို့ခြင်းဖြစ်ပြီး SMS မက်ဆေ့ခ်ျတစ်မျိုးဖြစ်တဲ့ MMS (multimedia messagin service) မှတဆင့်တိုက်ခိုက်ခြင်းဖြစ်ကာ ၎င်းအန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက်များသို့ ၀င်ရောက်လည်ပတ်မိပြီး ဖုန်းကိုအန္တရာယ်ဖြစ်စေနိုင်ကာ ဖုန်းအတွင်းမှအချက်အလက်များပါ ခိုးယူခံရနိုင်ကြောင်းသိရပါတယ်။ ဒီလိုတိုက်ခိုက်မှုများဟာ MMS အသုံးပြုနိုင်တဲ့ဖုန်းအမျိုးအစားအားလုံးတွင်ဖြစ်ပွားနိုင်ပြီး Global System for Mobile communications (GSM) ကွန်ရက်တွင် ဖြစ်ပွားနိုင်ကြောင်း ISEC Partners မှစီနီယာအကြံပေးဖြစ်သူ Zane Lackey နဲ့သုတေသီတစ်ဦးဖြစ်သူ Luis Miras တို့ကပြောကြားခဲ့ပါတယ်။ SMS ဆက်သွယ်မှုဟာမိုဘိုင်းဝန်ဆောင်မှုရဲ့စီမံခန့်ခွဲမှုမှတဆင့် စားသုံးသူများထံ ဆက် သွယ်ပေးပို့ခြင်းဖြစ်ပြီး ဥပမာအားဖြင့် voice mail အကြောင်းကြားချက်များဟာ SMS မှတဆင့်ပေးပို့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သုတေသီများဟာ ၎င်းတို့ရဲ့အယူအဆများမှန်ကန်ကြောင်းကို jailbreak လုပ်ထားတဲ့ iPhone ဖြင့်နမူနာပြု လုပ်ကာပြသခဲ့ပြီး အန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက်နဲ့ချိတ်ဆက်ထားတဲ့ မက်ဆေ့ခ်ျတစ်စောင် voice mail message အတုအယောင်များဖြင့် စမ်းသပ်ခဲ့ကြတယ်လို့သိရပါတယ်။SMS ဖြင့်တိုက်ခိုက်မှုများဟာ အလွယ်တကူဖြစ်ပေါ်နိုင်ပြီးအထူးသဖြင့် iPhone နဲ့ Android ဖုန်းတွေမှာ အဓိကဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ အဆိုပါဖုန်းတွေဟာ modify လုပ်ရာတွင်လွယ်ကူပြီး ပါဝင်တဲ့ SMS function များဟာ လည်း တိုက်ခိုက်သူများအတွက် အပြည့်အ၀အသုံးချစေနိုင်သောကြောင့်ဖြစ်တယ်လို့ Lackey ကပြောကြားခဲ့ပါတယ်။

Ingen kommentarer:

Send en kommentar