
် လပေါင်းများစွာ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် Microsoft နဲ့ Yahoo တို့ဟာ search လုပ်ငန်းအတွက် ဆယ်နှစ်အထိပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီလိုသဘောတူညီမှုကို ဇူလိုင်လ ၁၈ ရက်နေ့မှာ Yahoo ရဲ့ဌာနချုပ်မှာ Microsoft ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Steve Ballmer နဲ့ Yahoo ရဲ့အမှုဆောင်အရာရှိချုပ် Carol Bartz တို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ဒီလိုမျိုးသဘောတူညီမှုရရှိသွားတာဟာ search လောကရဲ့ဦးဆောင်ကုမ္ပဏီဖြစ်တဲ့ Google ကို ကုမ္ပဏီနှစ်ခုပေါင်းပြီး ဖိအားပေးသလိုဖြစ်လာပါတယ်။ မတူညီတဲ့အသွင်အပြင် အားကောင်းတဲ့ဒီဇိုင်း၊ စုံလင်တဲ့ feature တွေနဲ့ ကောင်းမွန်တဲ့အကြံဉာဏ်တွေပေါင်းစပ်ပြီး Microsoft က bing ကိုထုတ်လုပ်ခဲ့တာဟာ ပူးပေါင်းလုပ်ကိုင်တဲ့အခါမှာ အသုံးပြုမည့်အရာအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့တောင်ပြောနိုင်ပါတယ်။ဈေးကွက်ယှဉ်ပြိုင်မှုတွေသည်းထန်နေစဉ်က Yahoo ဟာ home page ကို ဒီဇိုင်းပြုပြင်ပြောင်းလဲဖို့အတွက် အဓိကအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ထို့အတူ Google ကလည်း ပြုပြင်မှုတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ Yahoo ရဲ့စတော့တွေဟာ ခုနှစ်ရာခိုင်နှုန်းအထိကျဆင်းနေပြီး Microsoft ကတော့ တစ်ရာခိုင်နှုန်းတက်လာပါတယ်။ ကုမ္ပဏီနှစ်ခုရဲ့သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ Yahoo နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၇၅ သန်းပမာဏလောက် ၀င်ငွေမြင့်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်။အပေးအယူသဘောတူညီမှုပြုလုပ်တဲ့အချိန်မှာပဲ Microsoft နဲ့ Yahoo ကုမ္ပဏီတို့က search လောကရှိ ကြော်ငြာလုပ်ငန်းရှင်များကို ၎င်းတို့ရဲ့လုပ်ငန်းတွေမှာ အရောင်းမြှင့်တင်နိုင်ဖို့အတွက် ပူးပေါင်းလုပ် ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီအပေးအယူဟာ ၂၀၁၀ ခုနှစ်ရောက်တဲ့အချိန်မှာ Yahoo ရဲ့ဝင်ငွေကို ပိုမိုတိုးမြှင့်တက်လာဖို့အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ Yahoo ကပြောဆိုပါတယ်။ လက်ရှိဈေးကွက်အရတော့ ကုမ္ပဏီ နှစ်ခုပေါင်းဟာ ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းသာနေပါသေးတယ်။ယခုလိုအပေးအယူကိစ္စ သဘောတူညီမှုတွေရသွားခဲ့တာဟာ ယခင်နှစ်က မိုက္ကရိုဆော့ဖ်က၀ယ်ယူဖို့အတွက် သဘောတူကမ်းလှမ်းခဲ့တဲ့ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံထက် တန်ဖိုးနည်းပါးသွားတာဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုလုံးကတော့ ဒီအပေးအယူအပြီး နှစ်နှစ်လောက်ကြာမြင့်လာတဲ့အချိန်ရောက်ခဲ့လျှင် ပူးပေါင်းဆောင်ရွက်မှုတွေကို အပြည့်အ၀မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။
Ingen kommentarer:
Send en kommentar