NAP သည် RADIUS server တစ်ခု အဖြစ် ပြုမူတဲ့ Windows Server 2008 NAP health policy server တစ်ခုအပေါ် health of client computers ကို evaluate ပြုလုပ်ဖို့  မှီခိုတယ်။ အကယ်၍ သင့်မှာ Windows Server 2003 or Windows 2000 Server နဲ့  Internet Authentication Service (IAS) တွေ run ထားတဲ့ RADIUS servers တွေ ရှိနေတယ်ဆိုရင် ၄င်းတို့ ကို Windows Server 2008 သို့  upgrade လုပ်ပြီး NAP health policy servers များအဖြစ် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ အခြား operating system တစ်ခုခု run ထားတဲ့ RADIUS servers တွေ ရှိနေတယ်ဆိုရင် new Windows Server 2008 NAP health policy servers များကို configure ပြုလုပ်ဖို့ လိုအပ်ပြီး health policy ကို configure ပြုလုပ်ပါ။ ၄င်းနောက် ရှိနေတဲ့ RADIUS clients များကို NAP health policy servers အသစ်သို့  migrate လုပ်ရပါမယ်။ ထုံးစံအားဖြင့် fault tolerance အတွတ် အနည်းဆုံး NAP health policy server 2 လုံး deploy လုပ်ဖို့  လိုအပ်ပါတယ်။ အကယ်၍ သင့်မှာ NAP health policy server တစ်လုံးသာ ရှိတယ်ဆိုရင် ၄င်း server .. offline ဖြစ်နေတဲ့အခါ clients များ connect ပြုလုပ်နိုင်မည် မဟုတ်ပါ။ chapter 7 မှာ ဖော်ပြခဲ့သလိုပါပဲ .. connection request policy ကို အသုံးပြုပြီး RADIUS server တစ်လုံးကို NAP health policy server အဖြစ် ဆောင်ရွက်စေပြီး အခြား RADIUS clients များမှ requests များကို authenticate ပြုလုပ်နိုင်စေပါတယ်။ Installing NAPNAP ကို install လုပ်ဖို့  အောက်ပါအတိုင်း ဆောင်ရွက်ပါ။
1. Server Manager console tree မှ Roles ကို ရွေးချယ်ကာ details pane မှာ Add roles ကို click ပါ။ Add Roles Wizard ပေါ်လာမယ်။
2. Before You Begin page မှာ Next ကို click ပါ။
3. Select Server Roles page မှာ Network Policy And Access Services check box ကို select လုပ်ပါ။ Next ကို click ပါ။
4. Network Policy And Access Services page မှာ Next ကို click ပါ။
5. Select Role Services page မှာ Network Policy Server check box ကို select လုပ်ပါ။ Next ကို click ပါ။
6. Confirmation page မှာ Install ကို click ပါ။
7. Results page မှာ Close ကို click ပါ။၎င်းသည် core NPS service ကို install လုပ်တယ်။ 802.1X ၊ VPN or DHCP enforcement အတွတ် RADIUS server အဖြစ် Windows Server 2008 computer ကို အသုံးပြုဖို့ အတွတ် လုံလောက်ပါတယ်။ Using the Configure NAP WizardNetwork Policy And Access Services role ကို install လုပ်ပြီးတဲ့ နောက် NAP ကို configure ပြုလုပ်ဖို့  အောက်ပါအတိုင်း ဆောင်ရွက်ပါ။1. Server Manager မှ Role\Network Policy And Access Services\NPS ကို select လုပ်ပါ။ Network Policy And Access Services role ကို install လုပ်ပြီးစဆိုရင် Server Manager ကို close and reopen လုပ်ဖို့  လိုအပ်ကောင်း လိုအပ်ပါမယ်။
2. Details pane မှ Network Access Protection ကို select လုပ်ပြီး Configure NAP ကို click ပါ။ Configure NAP Wizard ပေါ်လာမယ်။
3. Select Network Connection Method For Use With NAP page မှာ သင့်ရဲ့ enforcement method ကို ရွေးချယ်ပါ။ Next ကို click ပါ။
4. ယခု page မှာ HRA servers များနဲ့  RADIUS clients တွေကို add ဖို့  လိုအပ်ပါတယ်။ ဥပမာ သင်သည် 802.1X enforcement ကို အသုံးပြုနေတယ်ဆိုရင် switch အသီးသီးရဲ့ IP addresses များကို add ဖို့  လိုအပ်တယ်။ အကယ်၍ သင်သည် VPN enforcement ကို အသုံးပြုနေတယ်ဆိုရင် VPN server အသီးသီးရဲ့ IP addresses များကို add လုပ်ရပါမယ်။ DHCP servers များကို configuring လုပ်ထားတယ်ဆိုရင် NAP-capable DHCP servers အသီးသီးကို add ပါ။ host အသီးသီးအတွတ် Add ကို click ပြီး friendly name ၊ address နဲ့ shared secret တို့ ကို configure ပြုလုပ်ပါ။ ပြီးတဲ့နောက် Ok ကို click ပါ။ external HRA servers များနဲ့  RADIUS clients များကို configure လုပ်ပြီးတဲ့နောက် Next ကို click ပါ။
5. သင်ရွေးချယ်တဲ့ network method အပေါ်မှာ မူတည်ပြီး ၊ DHCP scopes or Terminal Service gateway options များလို additional page options တွေ တွေ့ ရနိုင်ပါတယ်။ ၄င်း options များကို သင့်လျော်သလို configure လုပ်ပါ။
6. Configure User Groups And Machines page မှာ ၊ users အားလုံးကို connect လုပ်ခွင့်ပြုဖို့  default settings ကို accept လုပ်နိုင်ပါတယ်။ group တစ်ခုသို့  grant or deny access ပြုဖို့  Add Machine button ကို click ပါ။ နောက် group ကို select လုပ်ပြီး Ok ကို click ပါ။ Next ကို click ပါ။
7. သင့်ရဲ့ NAP enforcement method အပေါ်မှာ မူတည်ပြီး pages များ ကွဲလွဲမှု ရှိနိုင်ပါတယ်။ ဥပမာ 802.1X or VPN enforcement methods များအတွတ် Configure An Authentication Method page ကို NAP health policy server certificate နဲ့  ၊ user or computer-level authentication အတွတ် EAP types များကို specify လုပ်ဖို့  အသုံးပြုတယ်။ 802.1X enforcement method အတွတ် Configure Virtual LANs (VLAN) page ကို unlimited VLAN နဲ့  restricted network VLAN များ configure ပြုလုပ်ဖို့ အသုံးပြုတယ်။
8. Define NAP Health Policy page မှာ install ပြုလုပ်ထားတဲ့ SHVs မှ select လုပ်နိုင်တယ်။ default မှာ Windows Security Health Validator ကိုသာ install လုပ်ထားပါတယ်။ health requirements နဲ့  ကိုက်ညီစေဖို့ client computers များကို settings များ အလိုအလျောက် ပြောင်းလဲခွင့်ပြုဖို့ autoremediation ကို enable လုပ်ထားခဲ့သင့်ပါတယ်။ initial production deployments အတွင်းမှာ NAP ကို monitoring-only mode ထဲမှာ configure ပြုလုပ်ဖို့ Allow Full Network Access To NAP-Ineligible Client Computers ကို ရွေးချယ်ပါ။ noncompliant computers များသည် event log မှာ event တစ်ခုကို generate လုပ်ပါလိမ့်မယ်။ ဒါကြောင့် network သို့  ချိတ်ဆက်မှုကို ဟန့် တားမခံရမှီ noncompliant computers များကို fix လုပ်နိုင်ပါတယ်။ Next ကို click ပါ။
9. Completing NAP Enforcement Policy And RADIUS Client Configuration page မှာ Finish ကို click ပါ။Configure NAP Wizard သည် အောက်ပါတို့ ကို create လုပ်ပါတယ်။- Select Network Connection Method For Use With NAP page မှာ specified လုပ်တဲ့ အမည်နဲ့  connection request policy ကို create လုပ်ပါတယ်။- Select Network Connection Method For Use With NAP page မှာ specified လုပ်တဲ့ အမည်အပေါ် အခြေခံပြီး compliant and noncompliant health policies တွေကို create လုပ်ပါတယ်။- health policies ရဲ့ အမည်အပေါ် အခြေခံပြီး compliant and noncompliant network policies များကို create လုပ်ပါတယ်။source:crazystar
Ingen kommentarer:
Send en kommentar